နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျိုးစေ့ချကိရိယာဖြင့် မိုးစပါး လက်တွေ့စိုက်ပျိုးပြသ

ရန်ကုန်၊ ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း တောင်သူများ စပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များနှင့် မျိုးစေ့နှုန်းထား ကုန်ကျမှုစရိတ်များ သက်သာစေရန် ဇူလိုင် ၂၂ ရက်က မျိုးစေ့ချကိရိယာ (Seeder)ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသပေးခြင်းကို ရေကျော်ကုန်း ကျေးရွာတွင် ကျင်းပသည်။

မျိုးစေ့ချကိရိယာဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသပွဲတွင်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုတို့က စပါးမျိုးစေ့ချကိရိယာ အကျိုးကျေးဇူးများကို ဒေသခံတောင်သူများအား ရှင်းလင်းပြောကြား ပြီး မျိုးစေ့ချကိရိယာဖြင့် မိုးစပါးကို လက်တွေ့ စိုက်ပျိုးပြသကြသည်။

မျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးရာတွင် အတန်းလိုက်စိုက်ပျိုး သည့် စနစ်ဖြစ်သည့်အတွက် လေဝင်လေထွက်ကောင်းမွန်ကာ ပိုးမွှား ရောဂါကို အလွယ်တကူ ကာကွယ်နိုင်ခြင်းနှင့် စပါးအထွက်နှုန်းများ လည်း တိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။








ဇင်မင်းထိုက်(ထန်းတပင်)






အခြားဆက်စပ်သတင်းများ