နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးကစားသမားဟောင်း အယ်ကန်တာရာဘာစီလိုနာ နည်းပြအဖွဲ့နှင့် ပူးပေါင်း

ဇူလိုင် ၂၁

ကစားသမားဘဝမှ အနား ယူခဲ့သည့် လီဗာပူး ကစားသမား ဟောင်း အယ်ကန်တာရာသည် နည်းပြ ဖလစ် တာဝန်ယူနေ သည့် ဘာစီလိုနာအသင်း နည်းပြအဖွဲ့တွင်လေ့ကျင့်ရေး နည်းပြအဖြစ် တာဝန်ထမ်းဆောင် ရန် ပူးပေါင်းခဲ့ကြောင်း သိရ သည်။

အသက် ၃၃ နှစ်အရွယ်ရှိ အယ်ကန်တာရာသည် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကဘိုင် ယန်မြူးနစ်အသင်းတွင်နည်းပြ ဖလစ်နှင့် လက်တွဲခဲ့သူဖြစ်ပြီး အသင်းအား အဓိကဆုဖလား သုံးလုံးရရှိရန် ၎င်း၏ခြေစွမ်း ပိုင်းဖြင့် ကူညီပေးခဲ့သော ကြောင့် နည်းပြဖလစ်ကအယ် ကန်တာရာ၏ စွမ်းဆောင်ရည် ကို သဘောကျခဲ့ပြီး နည်းပြအဖွဲ့ တွင် ပြန်လည်ခေါ်ယူခဲ့ခြင်း ဖြစ် သည်။

အယ်ကန်တာရာသည် ဘာစီလိုနာအသင်းနှင့် ဘိုင်ယန် မြူးနစ်အသင်းတို့တွင် ကစား ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘောလုံး ရာသီတွင် လီဗာပူးအသင်းသို့ ပြောင်းရွှေ့ခဲ့ချိန်တွင် ဒဏ်ရာ ပြဿနာ မကြာခဏကြုံတွေ့ ခဲ့ရပြီး ဘောလုံးရာသီလေး ရာသီတွင် ပြိုင်ပွဲစုံ ၉၈ ပွဲသာ ပါဝင်ခဲ့ရကာ ဒဏ်ရာကြောင့် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ပြီး ရက်ပိုင်းအတွင်း ဘောလုံးလောကသို့ပြန်လည် ဝင်ရောက်ခဲ့ကာဘာစီလိုနာ အသင်း နည်းပြအဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။









သူရိန်






အခြားဆက်စပ်သတင်းများ