နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာဆေးအသင်း တိုက်စစ်မှူး ဂရင်းဝုဒ်ကို ခေါ်ယူ

ဇူလိုင် ၂၁

မာဆေးအသင်းသည်မန်ယူ အသင်း တိုက်စစ်မှူးဂရင်းဝုဒ် ကို ပြောင်းရွှေ့ကြေးစတာလင် ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူနိုင် ခဲ့ပြီး လာမည့် ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရ သည်။

အသက် ၂၂ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဂရင်းဝုဒ်သည် လူမှုရေးပြဿနာများကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီကတည်း က မန်ယူအသင်းတွင်ပါဝင် ခွင့်မရတော့ဘဲပြီးခဲ့သည့်ဘောလုံး ရာသီက ဂီတာဖေးအသင်းသို့ အငှားစာချုပ်ဖြင့် သွားရောက် ကစားခဲ့ရကာ ခြေစွမ်းပြသ နိုင်ခဲ့သဖြင့် အသင်း၏တစ်နှစ် တာ အကောင်းဆုံးကစားသမား ဆုကိုရရှိခဲ့ပြီး စာချုပ်ကုန်ဆုံး ချိန်တွင် မန်ယူအသင်းနှင့် ပူးပေါင်းလိုခြင်းမရှိသည့်အတွက် အသင်းမှ ထွက်ခွာရန်ကြိုးပမ်း ခဲ့သည်။

ထို့နောက် ဂရင်းဝုဒ်ကို ဘာစီလိုနာ၊ အေတီကိုအသင်း တို့က ခေါ်ယူရန်ကြိုးပမ်းခဲ့ ရာပြောင်းရွှေ့ကြေးညှိနှိုင်းမရ သဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိသော် လည်း ၎င်း၏ခြေစွမ်းကို သဘောကျနေသည့်မာဆေး အသင်း နည်းပြသစ်ဒီဇာဘီက ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၃၀ ဖြင့် ကမ်းလှမ်းခဲ့ရာ သဘောတူညီမှုရရှိခဲ့ပြီး ငါးနှစ် စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။









သူရိန်






အခြားဆက်စပ်သတင်းများ