နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျိုက်လတ်မြို့ ရွှေဧရာအောင် အားကစားခန်းမတွင် ကျင်းပ

ရန်ကုန် ဇူလိုင် ၂၂

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်ကကြီးမှူးပြီး ဧရာဝတီ တိုင်းဒေသကြီးရိုးရာလက်ဝှေ့ ဆပ်ကော်မတီမှ စီစဉ်ကျင်းပ သော မျိုးဆက်သစ်လူငယ်ပြန့် ပွားရေး မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို ဇူလိုင် ၂၀ ရက်က ကျိုက်လတ်မြို့ ရွှေဧရာအောင် အားကစားခန်းမတွင် ကျင်းပ သည်။

မျိုးဆက်သစ်လူငယ်ပြန့်ပွား ရေး မြန်မာ့ရိုးရာလက်ဝှေ့စိန် ခေါ်ပွဲ သုံး-ချီစိန်ခေါ်ပွဲတွင် နွေဦး(လုံးချော) နှင့် စောအေးစိုး (ဒို့ရိုးရာ)၊ ကောင်းထက်(လုံးချော)  နှင့် လင်းထွန်း(ဒို့ရိုးရာ)၊ မိုးထက် (Holy Power) နှင့် သက်ထွန်းဦး (ဒို့ရိုးရာ)၊ ဒေါင်းငယ်လေး (ဒေါင်းမြန်မာ) နှင့် စည်သူဖြိုး (ဒို့ရိုးရာ) တို့ယှဉ်ပြိုင် ထိုးသတ် ကြသည်။

လေး-ချီ စိန်ခေါ်ပွဲတွင်  ဆလိုင်းထန်ကွီးရှိန် (ကျားမနိုင်) နှင့် အောင်ထွန်းဘို(ဒို့ရိုးရာ)၊ ဟိန်းထွဋ်ကျော် (ဥဿာမင်း)  နှင့်  ဒေါင်းသဲလေး(ဒေါင်းမြန်မာ) တို့ ယှဉ်ပြိုင် ထိုးသတ်ကြသည်။

ငါး-ချီ စိန်ခေါ်ပွဲတွင် စောကဲဒို(Holy Power) နှင့် အောင်ထက်ကျော် (ဒို့ရိုးရာ) တို့ ယှဉ်ပြိုင်ထိုးသတ်ကြပြီး မြန်မာ့ရိုးရာလက်ဝှေ့ဝါသနာရှင် များ ကြားပွဲများလည်း ယှဉ် ပြိုင်ကြကြောင်း သိရသည်။

မျိုးဆက်သစ်လူငယ်ပြန့်ပွား ရေး မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ် ပွဲတွင် အနိုင်ရလက်ဝှေ့သမားများ  နှင့်အကောင်းဆုံးလက်ဝှေ့ဟန်ရေး ပြ အားကစားသမားများကို  တာဝန် ရှိသူများက ဂုဏ်ပြုဆုတံဆိပ် များ ပေးအပ်သည်။

           








ကျိုက်လတ်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ