နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ လုပ်ဆောင်နေမှုများအား တိုင်းဒေသကြီးစည်ပင်သာယာ ရေးအဖွဲ့ညွှန်ကြားရေးမှူး(အင်ဂျင်နီယာချုပ်)ကွင်းဆင်းစစ်ဆေး

ရန်ကုန်   ဇူလိုင်  ၅

ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ညွန်ကြားရေးမှူး(အင်ဂျင်နီယာချုပ်) ဦးဆောင်၍ သုံးခွမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမှုဆောင်အရာရှိ၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာနှင့်အဖွဲ့ဝင်များ လိုက်ပါကာ ဇူလိုင်လ ၅ ရက်နေ့တွင်  သုံးခွမြို့ကားကြီးဂိတ်အတွင်းတည်ဆောက်နေသော မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့၏(၅)ခန်းတွဲဝန်ထမ်းအိမ်ရ တည်ဆောက်နေမှု၊   အမှတ်(၁၀)ရပ်ကွက်ချောင်းကူးတံတားတည်ဆောက်ပြီးစီးမှု၊ အသစ်တူးဖေါ်ပြီးရေပိုက်သွယ်တန်းနေသောအမှတ်(၉)ရပ်ကွက်ရေကန်သစ်လုပ်ငန်းများနှင့် မြို့မဈေးကန် စိမ်းလန်းသာယာ‌ရေးအဆင့်မြှင့်ဆောင်ရွက်နေသော လုပ်ငန်းများအား သွားရောက်ကွင်းဆင်းစစ်ဆေးကာဘလိုအပ်သည်များ ပူပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြကြောင်းသိရသည်။


မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ