နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ကုန်များ ရောင်းချ

ပေါင်၊ ဇူလိုင် ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊   အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့ နံနက်က ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ တာဝန် ရှိသူများ ပူးပေါင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေး ခြင်း၊ ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ သက်‌သာသောဈေးနှုန်းဖြင့် ပဲ၊ အာလူး၊ ဆီ စသည့် အခြေခံစားသောက် ကုန်များကို ရောင်းချပေးခြင်း၊ လိုအပ်သည်တို့ကို ပံ့ပိုးပေးကြသည်။ (ပုံ)

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တို့က လိုအပ်သည့်ကူညီမှုများ ကို ဇူလိုင် ၂၁  ရက်မှ  ၂၃ ရက်ထိ ပြုလုပ်ပေးသွားမည်ဖြစ်သည်။









မွန်မလေး( ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ