နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရေးပေါ်လူနာတင်ယာဉ် (Ambulance) များတွင် Emergency Medical Service (EMS) စနစ် ဆောင်ရွက်ထားရှိ

ရန်ကုန် ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီသည် အရေးပေါ်လူနာတင်ယာဉ် (Ambulance) များတွင် Emergency Medical Service (EMS) စနစ် (ဝဲအောက်ပုံ) တပ်ဆင်ဆောင်ရွက် ထားရာ  အရေးပေါ်အခြေအနေများဖြစ်ပေါ်လာပါက လူနာကို အသက်ဘေးအန္တရာယ်မှ အချိန်မီစောင့်ရှောက်ပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။

အရေးပေါ်လူနာတင်ယာဉ် (Ambulance) များကိုလည်း ရန်ကုန်တိုင်းရှိ Control စင်တာမှ စီမံကွပ်ကဲလုပ်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ က “Ambulance တွေကို ရန်ကုန်တိုင်းမှာရှိတဲ့ Control team ကနေ စီမံကွပ်ကဲပြီးတော့ ဘယ်နေရာမှာ ဘာဖြစ်နေတယ်ဆိုတာမျိုး  ညွှန်ကြားချက်ပေးပါမယ်။ အရေးပေါ်ဖြစ်လာရင် အချိန်နဲ့တပြေးညီ လူနာကို အသက်အန္တရာယ်ကနေ ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ စွမ်းအားရှိအောင် စီစဉ်ထားတာပါ။ ကြီးကြီးမားမားဒဏ်ရာရရင် သက်ဆိုင်ရာဆေးရုံကို အမြန်ဆုံးပို့ပေးနိုင်ပါမယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် အဆိုပါစနစ်အတွက် Pilot Project အနေဖြင့် Ambulance ၁၁ စီးတွင် GPS စနစ်တပ်ဆင်ထားကာ စောင့်ကြည့်ကြီးကြပ်မှုတွေ ပြုလုပ်နေပြီး လူနာများအတွက် အရေးပေါ်အခြေအနေဖြစ်ပါက လမ်းကြောင်းနှင့်အနီးဆုံးကားကို သွားရောက်ပို့ဆောင်နိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

သက်ဆိုင်ရာ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ဝင်များကိုလည်း ရှေးဦးသူနာပြုစုနည်း၊ ထိခိုက်ဒဏ်ရာကုသနည်းအပြင် လူနာတွင် ခံစားနေရသည့်အခြေအနေအလိုက် ရှေးဦးကုသနည်းများကို စနစ်တကျ လေ့ကျင့်သင်ကြားခြင်းများအပြင် ဒဏ်ရာအလိုက် ပြုစုပေးရမည့် သင်တန်းများပေးထားကြောင်း သိရသည်။

ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၏ အရေးပေါ်လူနာတင်ယာဉ်  ဝန်ဆောင်မှုများကို နိုင်ငံတကာနည်းတူ အဆင့်အတန်းမြင့်သည့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနက Trauma နှင့် ပတ်သက်သည့် ဆရာဝန်ကြီးများထံမှ သင်ယူထား သူများဖြင့် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နားလည် တတ်ကျွမ်းသူများဖြင့် အချိန်မရွေး၊ နေရာမရွေး ၂၄ နာရီ ကူညီ ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။     








ခရီးသွားလုလင်






အခြားဆက်စပ်သတင်းများ