နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်  ဇူလိုင်  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဆဋ္ဌမ အကြိမ် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်း က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ဒဂုံတက္ကသိုလ်တွင် ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဦးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီး များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဒဂုံတက္ကသိုလ် နှင့် အခြေခံပညာကျောင်းများ မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် တက္ကသိုလ် နယ်မြေတွင် သစ်ပင်စိုက်ပျိုးပွဲ များ ဆောင်ရွက်ခြင်းသည် စိမ်းလန်းစိုပြည် သာယာလှပ သော ပရိဝုဏ်ဖြစ်စေရေး၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ အေးချမ်း ပျော်ရွှင်စွာ အနားယူအပန်းဖြေ နိုင်စေရေး၊ သာယာလှပသော ပတ်ဝန်းကျင်ကောင်းများ ဖန်တီး နိုင်စေရေးဆိုသည့် ရည်ရွယ်ချက် များနှင့် သစ်ပင်စိုက်ပျိုးပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိတို့ကျောင်းပရိဝုဏ် နှင့် ပတ်ဝန်းကျင် အစဉ်ထာဝရ စိမ်းလန်းစိုပြည် လှပနေစေရေး အတွက် စိုက်ပျိုးပြီးသော သစ်ပင်များကို ဆက်လက်ပြုစု ထိန်းသိမ်းကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း ပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပိတောက်ပင်နှင့် ဇနီးက ခရေပင်ကိုလည်းကောင်း၊ ဒုတိယတိုင်းမှူးနှင့် ဇနီးတို့က ခရေပင်များကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက အထိမ်း အမှတ်သစ်ပင်များကိုလည်းကောင်း စိုက်ပျိုးပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် အထိမ်းအမှတ် သစ်ပင် စိုက်ပျိုးနေမှုများကို လိုက်လံ ကြည့်ရှုအားပေးကြသည်။

၂၀၂၄ ခုနှစ်အတွင်း ဆဋ္ဌမ အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတွင် ဒဂုံတက္ကသိုလ်နယ်မြေ  ၄ ဒသမ ၈ ဧကတွင် မယ်ဇယ်၊ ပျဉ်းမ၊ ခရေ၊ ပျဉ်းကတိုး၊ စိန်ပန်းကြီး၊ မအူ၊ မဟော်ဂနီ၊ ပိတောက်၊ တရုတ်တည်၊ မန်ဂျန်ရှား၊ ငုရွှေဝါ စသည့်အပင် အမျိုးအစား ၁၁ မျိုး၊ အပင်ပေါင်း ၅၀၅၈ ပင် စိုက်ပျိုးကြသည်။








ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ