နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးအသင်း ကစားသမား အာနိုးကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ် ကြိုးပမ်း

ဇူလိုင် ၂၀

ရီးရဲလ်မက်ဒရစ်အသင်း သည် ခံစစ်ပိုင်း လိုအပ်ချက် အတွက် လီဗာပူးအသင်းခံစစ် ကစားသမားအာနိုးကိုခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရ သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ခံစစ်ကစားသမား အာနိုးသည် လီဗာပူးအသင်းနှင့်စာချုပ် ကုန်ဆုံးရန် ၁၂လသာကျန်ရှိ တော့သဖြင့် အသင်းတာဝန်ရှိသူ များကသက်တမ်းတိုးရန် ကြိုးပမ်း နေပြီး ကစားသမားအနေဖြင့် လက်ရှိအချိန်ထိသဘောတူညီ မှုမရခဲ့ဘဲ ကြန့်ကြာနေသော ကြောင့် ရီးရဲလ်မက်ဒရစ်အသင်း ကခေါ်ယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်အသင်း၏ ကမ်းလှမ်းမှုကို ကစားသမား ကိုယ်တိုင်ကလည်းစိတ်ဝင်စား နေပြီး ဘာနေဗျူးတွင်အနာဂတ် တောက်ပလာနိုင်သည့်အတွက် ပြောင်းရွှေ့နိုင်ဖွယ်ရှိနေသည်။

အာနိုးသည် ပြီးခဲ့သည့် ဘောလုံးရာသီက လီဗာပူး အသင်းနှင့် ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားခဲ့ရာတွင်သွင်းဂိုး သုံးဂိုး နှင့် ဂိုးဖန်တီးမှု ကိုးကြိမ် ထိပြုလုပ်နိုင်ကြောင်း သိရ သည်။







သူရိန်






အခြားဆက်စပ်သတင်းများ