တိုကျို ဇူလိုင် ၁၉
စက်ရုပ်မျက်နှာတွင် ပြုံးပြနိုင်သည့် သက်ရှိအရေပြားတစ်သျှူးများ တပ်ဆင် နိုင်မည့်နည်းလမ်းကို တွေ့ရှိပြီဖြစ် ကြောင်း ဂျပန်သိပ္ပံပညာရှင်များက ဇူလိုင် ၁၈ ရက်တွင် ကြေညာသည်။
သက်ရှိအရေပြားသည် အလှကုန်နှင့် ဆေးပညာနယ်ပယ်တွင်ပါ အသုံးချနိုင် ရန် အလားအလာများစွာရှိသည့်အတွက် တိုကျိုတက္ကသိုလ် သုတေသနပညာရှင် များက မျက်နှာပုံစံခွက်တွင် လူသား အရေပြားဆဲလ်များ ကြီးထွားစေပြီး ပြုံးလိုက်သည့် ပုံစံမျိုးဖြစ်စေရန် ဖန်တီးခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အရေပြားပုံသဏ္ဌာန်သည် မူလအတိုင်း မြင်ရပါက ကြောက်မက် ဖွယ်ဖြစ်နေသော်လည်း လူသားနှင့် ပိုတူသည့် စက်ရုပ်များ ထုတ်လုပ်ရာတွင် အရေးပါသည့်အဆင့်ဖြစ်ကြောင်း ဦးဆောင်သုတေသနပညာရှင် ရှိုဂျိ တာကဲအုချိက ပြောသည်။
ထို့ပြင် အရေပြားပေါ်တင်ရသည့် အလှကုန်များနှင့်ဆေးဝါးများအတွက် ပါ ဘေးကင်းစွာ စမ်းသပ်နိုင်မည်ဖြစ်ပြီး စက်ရုပ်များ၏ အသက်မပါသည့် မျက်နှာများအစား ခံစားချက်ရှိသည့် မျက်နှာများနှင့်ထိတွေ့ဆက်ဆံရ စေရန် နည်းပညာများ ဆက်လက် အဆင့်မြှင့်တင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။
(ref: Reuters)