နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နစ်ကိုးဝီလျံကို ခေါ်ယူရန် ဘာစီလိုနာ အသင်း ဆွေးနွေးမှုပြုလုပ်

ဇူလိုင် ၁၉

ယူရို ၂၀၂၄ ပြိုင်ပွဲတွင် စပိန် အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သည့် ဘီလ် ဘာအိုအသင်း လူငယ်ကစား သမား နစ်ကိုဝီလျံကို ခေါ်ယူရန် ဘာစီလိုနာအသင်းက နောက် ဆုံးအဆင့် ဆွေးနွေးမှုများ လုပ် ဆောင်လျက်ရှိသည်။

အသက် ၂၂ နှစ်အရွယ်ရှိ နစ်ကိုးဝီလျံသည် ဘီလ်ဘာအို အသင်း အကယ်ဒမီထွက်ကစား သမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက ဘီလ်ဘာအို အသင်းနှင့်အတူ ခြေစွမ်းပြသ နိုင်ခဲ့သဖြင့် ယူရို ၂၀၂၄ ပြိုင်ပွဲ ဝင် စပိန်အသင်း လူစာရင်း၌ ရွေးချယ်ခံခဲ့ရပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ရာတွင် အသင်း၏ အဓိက ကစားသမားအဖြစ်ပါဝင် ခဲ့သူဖြစ်သည်။

ဘာစီလိုနာအသင်းက နစ် ကိုးဝီလျံကိုအစောပိုင်းကတည်း  က ခေါ်ယူရန် ကြိုးပမ်းနေခြင်း ဖြစ်ပြီး ၎င်းအနေဖြင့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သဖြင့် ပရီးမီးယားလိဂ်ကလပ်အသင်း များကလည်း‌ ခေါ်ယူရန် ပြင် ဆင်လျက်ရှိရာ ဘာစီလိုနာ အသင်းက လက်ဦးမှုရယူနိုင်ရန် အရှိန်မြှင့် လုပ်ဆောင်လျက်ရှိ သည်။









သူရိန်






အခြားဆက်စပ်သတင်းများ