နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြုဦးညွှတ် အလေးပြု

၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက် ယနေ့သည် (၇၇) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ မိမိတို့မြန်မာပြည်သူပြည်သားအားလုံးသည် အာဇာနည်နေ့သို့ရောက်တိုင်း အတိတ်ကာလက အာဇာနည်    ခေါင်းဆောင်ကြီးများ၏      တိုင်းပြည်လွတ်လပ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက်မနားမနေ ကြိုးပမ်းကြရင်း မသမာသူအကြမ်း ဖက် လူသတ်သမားများက အမျိုးသားခေါင်းဆောင်ကြီးများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့မှုကြောင့် တိုင်းပြည်အတွက် ကြီးမား သောဆုံးရှုံးမှုအဖြစ်ဆိုးကြီးကို စိတ်ထဲတွင် စွဲထင်ကျန်ရစ်နေဆဲဖြစ်  သည်။

ဇူလိုင် ၁၉ ရက်ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုသည့် ဂုဏ်ပြု အထိမ်းအမှတ်အခမ်းအနားများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပကြသည်။    အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့၏ ထူးခြားထင်ရှားသည့် ကိုယ်ရည်ကိုယ် သွေး၊နိုင်ငံချစ်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ကိုလည်း ပြန်ပြောင်း အောက်မေ့ကာ အလေးအမြတ်ပြုကြသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ၊ဗမာ့ တပ်မတော်သားများနှင့် တိုင်းရင်းသားပြည်သူများ လက်တွဲမဖြုတ် စတမ်း တိုက်ယူခဲ့ရသည့် လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့ အဓွန့် ရှည် တည်တံ့စေရန်၊ နိုင်ငံတော်၏အချုပ်အခြာအာဏာ ခိုင်မြဲတည်တံ့  ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် အရေးပါသည်။

ယနေ့ ကမ္ဘာ့အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များ၏ ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်ပြီး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှုကို ပြိုကွဲစေရန် နည်းလမ်းမျိုးစုံဖြင့် စွက်ဖက်လျက်ရှိသည်။  လက်ရှိ မိမိတို့နိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးမှုများမှာ နိုင်ငံပြိုကွဲပျက်စီးသွားစေနိုင်သည်အထိ အန္တရာယ်ကြီးမားလှသည်။

''ယခုခေတ်မယ် ဘယ်ဟာပဲဖြစ်ဖြစ်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ ကာကွယ်ရေးလုပ်ငန်းမှာပဲဖြစ်ဖြစ် လုပ်တဲ့အခါ မယ်၊ တိုင်းပြည်လူထုနှင့်ယှဉ်၍ ကိုယ်ထိလက်ရောက်ပါဝင်ကူညီဖို့ သဘောတရားတစ်နေ့တခြား ပိုမိုထင်ရှားလာတယ်''ဟူ၍ လွန်ခဲ့ သော  နှစ်ပေါင်း ၇၀ ကျော်က ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ကြားချက်မှာ ထာဝရအလေးထားကြရမည့် မှာကြားချက်ဖြစ်သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်ဤနေ့တွင်  အာဇာနည်  ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုကြပြီး နိုင်ငံတစ်ဝန်း အေးချမ်းသာယာရေးနှင့်  နိုင်ငံအတွင်း ပျက်စီးယိုယွင်း မှုများ ပြန်လည်ထူထောင်ရေးတို့ကို ပြည်သူတစ်ရပ်လုံးက ပူးပေါင်း ပါဝင်ဆောင်ရွက် ကြိုးပမ်းစေချင်ကြောင်း ။          ။






အခြားဆက်စပ်သတင်းများ