နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုရွန်တိုမြို့တစ်ခွင် ရေကြီးရေလျှံမှုများဖြစ်ပွား

အော့တဝါ ဇူလိုင် ၁၈

ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် မုန်တိုင်းမိုးရွာသွန်းပြီးနောက် ဇူလိုင် ၁၇ ရက်က မြို့၏အစိတ်အပိုင်း အများစုတွင် ရေကြီးရေလျှံနေသဖြင့် သွားလာရေး အခက်အခဲများ ဖြစ်ပေါ် လျက်ရှိသည်။

တိုရန်တိုမြို့ထဲရှိ လမ်းများတွင် ရေဖုံးလွှမ်းနေပြီး သစ်ပင်များလဲကျခြင်း၊ လျှပ်စစ်ဓာတ်ကြိုးများ ပြတ်ကျခြင်း နှင့်ကားများ ရေမြုပ်နေသည်ကို တွေ့ရပြီး အချို့ကားများသည် ရေထဲ တွင် ဖြတ်သန်းသွားလာ မောင်းနှင် နေသည်ကို တွေ့ရသည်။ 

ထို့ပြင် မြို့လယ်ကောင်ရှိ ယူနီယံ ဗဟိုဘူတာကြီးတွင်လည်း ရေများ ဝင်ရောက်လာခြင်းကြောင့်မြေအောက် ရထားများသည် ယူနီယံဘူတာကို မဖြတ်ဘဲ ကျော်လွန် ပြေးဆွဲနေရ ကြောင်း တိုရန်တို သယ်ယူပို့ဆောင် ရေး ကော်မရှင်က ပြောသည်။








(ref:AFP)






အခြားဆက်စပ်သတင်းများ