နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နှင့်ရုရှား ကျည်အစစ်သုံး စစ်ရေးလေ့ကျင့်မှု စတင်

ပေကျင်း ဇူလိုင် ၁၈

တရုတ်နှင့်ရုရှားသည် တောင် တရုတ်ပင်လယ်တွင် ကျည်အစစ် အသုံးပြု၍ ရေတပ်စစ်ရေး လေ့ကျင့်မှု များ စတင်နေကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက်အထိ သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွင်း နှစ်နိုင်ငံမှ အနည်းဆုံး စစ်သင်္ဘောသုံးစင်းစီ ဖြန့်ကျက်သွားမည်ဖြစ်ပြီး စစ်ရေယာဉ် စုဖွဲ့လေ့ကျင့်မှု၊ ကျည်အစစ်သုံးပစ်ခတ် လေ့ကျင့်မှု၊ ကင်းထောက်ခြင်း၊ ကြိုတင် သတိပေးမှုလုပ်ခြင်း၊ရှာဖွေကယ်ဆယ် ရေးနှင့်လေကြောင်းရန်ကာကွယ်ရေး ဆိုင်ရာ လေ့ကျင့်မှုများ ပါဝင်မည် ဖြစ်ကြောင်း တရုတ်တပ်မတော် PLA က ပြောသည်။

တရုတ်-ရုရှား ပူးတွဲ ကင်းလှည့်မှု သည် ပင်လယ်ရေကြောင်း လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှုများကို ပူးတွဲ တုံ့ပြန်ရာတွင် နှစ်ဖက်လုံး၏ စွမ်း ဆောင်ရည်ကို ထိရောက်အားကောင်း စေ ပြီး ယခုလေ့ကျင့်မှု မတိုင်မီကလည်း မြောက်ပစိဖိတ် ရေပြင်တွင် နှစ်နိုင်ငံ ရေတပ်များ ပူးတွဲကင်းလှည့်မှု ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် စစ်သင်္ဘောများသည် နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် Zhanjiangဆိပ်ကမ်း မှ ထွက်ခွာသွားကြောင်း တရုတ် တပ်မတော်က သတင်းထုတ်ပြန်ထား သော်လည်း စစ်ရေးလေ့ကျင့်မှု လုပ်ဆောင် မည့် ရေလမ်းကြောင်းကိုမူ ဖော်ပြထား ခြင်းမရှိကြောင်း သိရသည်။







(ref:CNA)






အခြားဆက်စပ်သတင်းများ