နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစပ်လွန်ကဲသည့် အာလူးကြော် စားသုံးပြီး ဂျပန် အထက်တန်းကျောင်းသူ ၁၄ ဦး ဆေးရုံတင်ရ

တိုကျို ဇူလိုင် ၁၈

ဂျပန်နိုင်ငံတွင် အစပ်လွန်ကဲ သည့် Curry chips အာလူးကြော်ကို စားသုံးမိပြီးနောက် အထက်တန်း ကျောင်းသူ ၁၄ ဦး ဆေးရုံတက်ရောက် ကုသမှု ခံယူနေရကြောင်း ဒေသတွင်း မီဒီယာများက ဇူလိုင် ၁၇ ရက်တွင် ဖော်ပြ သည်။

အဆိုပါ အာလူးကြော် စားသုံး မိခြင်းကြောင့် အထက်တန်း ကျောင်း သား၊ ကျောင်းသူ ၃၀ ကျော်သည် ပျို့အန်ခြင်းနှင့်ပါးစပ်တစ်ဝိုက် ပြင်း ထန်သည့် ပူစပ်ပူလောင် နာကျင်ခြင်း ကို ခံစားနေကြရသည်ဟု ဆိုသည်။ 

၎င်းတို့အနက် ကျောင်းသူ ၁၄ဦး သည် အခြေအနေပြင်းထန်သဖြင့် ဆေးရုံတင်ထားရပြီး အဆိုပါအာလူး ကြော်ကို စစ်ဆေးရာတွင် အာလူးကြော် အထုပ် မျက်နှာစာ၌ အသက် ၁၈ နှစ် အောက် ကလေးများစားသုံးခြင်းကို တားမြစ်ထားကြောင်း တွေ့ရသည်ဆို၏။

အဆိုပါ အာလူးကြော်တွင် "တစေဆငရုတ်ကောင်း"ဟု လူသိများ သော အလွန်ပူ၍ အစပ်ပြင်းသည့် ငရုတ် ကောင်း ပမာဏများစွာ ထည့်သွင်း အသုံးပြုထားခြင်းကြောင့် သွေးတိုး နှင့် အစာအိမ်အားနည်းသူများ လုံးဝမစား ရန် တားမြစ်ထားသည်။








(ref:KyodoNews)






အခြားဆက်စပ်သတင်းများ