နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းတံတားအခြေခံအဆောက်အအုံများ အကြမ်းဖက်ဖျက်ဆီးမှုဟူသမျှ ဆန့်ကျင်ရှုတ်ချ

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG, CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက် မှုကို လိုလားသော  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ သည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံး၊ ဌာန၊ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူသွားလာနေထိုင်အသုံးပြု လျက်ရှိသော နေအိမ်များ၊ လမ်းတံတားများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း Drop Bomb များ ကြဲချ တိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့်   လုပ်ဆောင်နေသည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် ဇူလိုင် ၁၇ ရက်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အောင်သာကျေးရွာအတွင်းသို့ လက်နက်ကြီး၊လက်နက်ငယ်များ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက် ခိုက်မှုကြောင့် မူလတန်းကျောင်းအုပ်ဆရာမကြီးအပါအဝင် အပြစ်မဲ့ ပြည်သူသုံးဦး သေဆုံးပြီး ဆရာမတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာမြောက်ဘက် မီတာ ၁၀၀ အကွာရှိ ရန်ကုန်-မော်လမြိုင်ပြည်ထောင်စုကားလမ်းမ ကြီး မိုင်တိုင်အမှတ်၁၃၆/၂ နှင့် ၁၃၆/၃ ကြားရှိ အရှည် ၁၀ ပေ၊ အကျယ်  ပေ ၄၀၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ်တံတား အမှတ်၁/၁၃၇ ကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ပြီး၊ မော်လမြိုင်မှ ထွက်ခွာလာသည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန်ရထားသည် သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင် ၁၂၃/၁၇-၁၅ သို့ နံနက် ၁၁ နာရီ ၁၀ မိနစ်က ရထားဖြတ်သန်းစဉ်   မိုင်းပေါက်ကွဲထားခြင်း ကြောင့်     ရထားသံလမ်းတစ်ပေခန့်   ပြတ်တောက်ရာ ရထားစက်ခေါင်းနှင့်  လူစီး တွဲဆိုင်းနှစ်ဆိုင်း လမ်းချော်ကျမှုဖြစ်ပွားသည်။ ခရီးသည်နှင့် ဝန်ထမ်းများ ထိခိုက်မှုမရှိခဲ့။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့်ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်ရေးအတွက် ရထားလမ်း နှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထားစီမံဆောင်ရွက်  ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြည်သူလူထုကိုလည်းကောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို လည်းကောင်း ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်စေသည့် အခြေခံ အဆောက်အအုံများအား အကြမ်းဖက်ဖျက်ဆီးသည့် လုပ်ရပ်ဟူသမျှ ပြည်သူအားဖြင့် ဆန့်ကျင်ရှုတ်ချကြရပါမည့် အကြောင်း    ။       ။






အခြားဆက်စပ်သတင်းများ