နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးသမား ဆက်ဖို့ဒ်ကို ခေါ်ယူရန် အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

ဇူလိုင် ၁၈

အာဆင်နယ်အသင်းသည် အေဂျက်အသင်း ဂိုးသမား ဆက်ဖို့ဒ်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၂၇ သန်းဖြင့်  ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ ပြီး လေးနှစ်စာချုပ် ချုပ်ဆိုသွား မည်ဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ဘရန့်ဖို့ဒ်အသင်း ဂိုးသမားရာယာ ကို အပြီးသတ်ဝယ်ယူခဲ့ပြီး နောက် ဒုတိယဂိုးသမားအဖြစ် အသုံးပြုနိုင်ရန် ဂိုးသမားတစ် ဦးရှာဖွေခဲ့ရာ အေဂျက်အသင်း မှ ဂိုးသမား ဆက်ဖို့ဒ်ကို ခေါ်ယူ ရန် သဘောတူညီမှု ရရှိခဲ့ပြီး လေးနှစ်စာချုပ်ချုပ်ဆိုသွား မည်ဖြစ်သည်။

ဂိုးသမားဆက်ဖို့ဒ်သည် လေးနှစ်စာချုပ်အတွက်လုပ်ခ လစာ စတာလင်ပေါင်  ၈၆၉၀၀၀ ရရှိမည်ဖြစ်ပြီး ၎င်း ၏ လက်စွမ်းပြသနိုင်မှုအပေါ် မူတည်၍ အပိုဆုကြေးလည်း ထပ်မံရရှိမည့်အပြင် စာချုပ် ကုန်ဆုံးပါက တစ်နှစ်သက် တမ်းတိုးနိုင်မည့် သဘောတူညီ ချက်လည်း ပါဝင်သည်။







သူရိန်






အခြားဆက်စပ်သတင်းများ