ဇူလိုင် ၁၇
လာဇီယိုအသင်းသည် ခံစစ် ပိုင်းလိုအပ်ချက်အတွက် အာ ဆင်နယ်အသင်း ကစားသမား တာဗာရက်စ်ကို တစ်ရာသီအငှား စာချုပ်ဖြင့် ခေါ်ယူကြောင်းသိရ သည်။
အာဆင်နယ်အသင်းသည် တာဗာရက်စ်ကို အပြီးသတ် ရောင်းချသွားလိုသော်လည်း ကမ်းလှမ်းလာသည့် အသင်း မရှိသဖြင့် လာဇီယိုအသင်း၏ အငှားစာချုပ်ကို လက်ခံခဲ့ပြီး စာချုပ်ကုန်ဆုံးချိန်တွင် အပြီး သတ်ဝယ်ယူခွင့်ပါသည့် သဘော တူညီချက်ကို ထည့်သွင်းထား သည်။
တာဗာရက်စ်သည် ပြီးခဲ့ သည့် ဘောလုံးရာသီက နော် တင်ဟမ်အသင်းသို့ အငှားစာချုပ် ဖြင့် သွားရောက်ကစားခဲ့ရာ တွင် ပြိုင်ပွဲစုံ ၁၂ ပွဲသာ ပါဝင် ကစားခွင့်ရခဲ့ပြီး ပုံမှန်ခြေစွမ်း ပျောက်ဆုံးခဲ့သောကြောင့် စာချုပ်ကုန်ဆုံးချိန်တွင်အာဆင် နယ်အသင်းနှင့် ပြန်လည်ပူးပေါင်း ခဲ့ရပြီး ယခုအခါနည်းပြအာတီ တာက ၎င်းကိုလာဇီယိုအသင်း သို့ အပြီးသတ်ဝယ်ယူ ခွင့်ပါ သည့် အငှားစာချုပ်ဖြင့်ပြန်လည် ပြောင်းရွှေ့ခွင့်ပြုခဲ့သည်။
သူရိန်