နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇီလင်စကီးက လက်စားချေလိုသည့် ဆန္ဒဖြင့် ယင်းကို တရားရုံးရောက်အောင် ကြိုးပမ်းနေဟု ယူကရိန်းသမ္မတဟောင်း ပေါ်ရိုရှန်ကို စွပ်စွဲ

ကိဗ်၊ ဇူလိုင် ၅

ယူကရိန်းသမ္မတ ဇီလင်စကီးမှာ လက်စားချေလိုသည့် ဆန္ဒဖြင့် ယင်းကို တရားရုံးသို့ ပို့နိုင်ရန် ကြိုးပမ်း နေကြောင်း ယူကရိန်းသမ္မတဟောင်း ပေါ်ရိုရှန်ကိုက စွပ်စွဲခဲ့သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က ရုံးတင် စစ်ဆေးရန် ကြားနာမှုမတိုင်မီ ပေါ်ရိုရှန်ကိုနှင့် ယင်းကို အားပေးထောက်ခံသူထောင်ပေါင်းများစွာက ကိဗ်မြို့တွင် ချီတက်ခဲ့ကြသည်။ 'ပေါ်ရိုရှန်ကိုမှာ စုံစမ်းစစ်ဆေးမှု ၂၀ ကျော်ဖြင့် ရင်ဆိုင်နေရသည်။ သို့သော် အဆိုပါစုံစမ်း စစ်ဆေးမှုမှာ နိုင်ငံရေးလှုံ့ဆော်သည့် စွဲချက်များဖြစ်သည်ဟု ပေါ်ရိုရှန်ကိုက ပြောသည်။
သမ္မတရွေးကောက်ပွဲတွင် ယင်း ရှုံးနိမ့်ခဲ့ပြီးနောက် ယူကရိန်းအစိုးရအဖွဲ့တွင် ရုရှားနိုင်ငံကို လိုလားသူများက အဓိကရာထူးများ ရယူနိုင်ခဲ့ကြောင်း ပေါ်ရိုရှန်ကိုက ပြောသည်။ ပြီးခဲ့သည့်ခြောက်နှစ်တာအတွင်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ရုရှားနိုင်ငံက ထောက်ခံထားသည့် ခွဲထွက်ရေးတပ်ဖွဲ့များနှင့် ယူကရိန်းအစိုးရတပ်ဖွဲ့များကြား ထိတွေ့မှုတိုက်ပွဲအများစု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ပေါ်ရိုရှန်ကို မဲပေးပါက ရုရှားနိုင်ငံကို မဲပေးရာရောက်မည်ဟု အဓိပ္ပာယ်သက်ရောက်သည့် ပိုစတာ အသုံးပြုခဲ့ခြင်းမှာ မှန်ကန်မှုရှိ၊ မရှိ မေးမြန်းရာ တွင် ပေါ်ရိုရှန်ကိုက '' ကျွန်တော်သာ မှားသွားရင် ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားဖြစ်ရမှာပါ။ ဒါပေမဲ့ ကံမကောင်းချင်တဲ့ အဲဒီအချက်က မှန်နေတယ်။ အခုအချိန်မှာတော့ ရုရှားပြည်ထောင်စုရဲ့ ပဉ္စမမဏ္ဍိုင်က ယူကရိန်းနိုင်ငံမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားနေပြီ''ဟု ဆိုသည်။   

KNT






အခြားဆက်စပ်သတင်းများ