နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီပက်ဘ‌လစ်ကန်ပါတီ ဒေါ်နယ်ထရန့်ကို သမ္မတလောင်း အမည်စာရင်းတင်သွင်း

ဝါရှင်တန် ဇူလိုင် ၁၇

အမေရိကန်နိုင်ငံ၊ ဝစ္စကွန်ဆင် ပြည်နယ် မီလ်ဝေါ့ကီးမြို့၌ ရီပက် ဘလစ်ကန်ပါတီ အမျိုးသားညီလာခံ ကို လုံခြုံရေးအပြည့်နှင့်ကျင်းပလျက် ရှိပြီး ဒေါ်နယ်ထရန့်အား သမ္မတလောင်း အဖြစ် အမည်စာရင်းတင်သွင်းလိုက် ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဒေါ်နယ် ထရန့်အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများ ဖြစ်ပေါ်ပြီးနောက် ၎င်းကို ပါတီအမျိုးသားညီလာခံအတွင်း အမည်စာရင်း တင်သွင်းလိုက်ခြင်းဖြစ် ကာ အထက်လွှတ်တော်အမတ်ဂျေ ဒီဗန့်စ်  ကိုမူ ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။

ပါတီညီလာခံကို ကိုယ်စားလှယ် ၂၄၀၀ ခန့် တက်ရောက်ကြပြီးလေးရက် ကြာ အစည်းအဝေးအတွင်း ပါတီခေါင်း ဆောင်များနှင့်နိုင်ငံရေးသမား အချို့က မိန့်ခွန်းများ ပြောကြားကြမည် ဖြစ်သည်။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မဲဆွယ်ပွဲအတွင်း လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုတစ်ခုကို ကျော်လွှားနိုင်ခဲ့ ပြီးနောက် ပါတီညီလာခံကို တက် ရောက်လာသည့် ဒေါ်နယ်ထရန့်က ၎င်းအနေဖြင့် လုပ်ကြံသူလူ တစ်ဦး ကြောင့် မူလအစီအစဉ်များကို ပြောင်း လဲမည်မဟုတ်ကြောင်း ပြောသည်။

မီလ်ဝေါ့ကီးမြို့တွင် ကျင်းပနေသည့် ရီပတ်ဘလစ်ကန်ပါတီညီလာခံတွင် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် မည့် ဒေါ်နယ်ထရန့်အနေဖြင့် ပါတီ ကိုယ်စားလှယ်လောင်းသမ္မတအဖြစ် တရားဝင်  တင်မြှောက်မှုကို ဇူလိုင် ၁၈ ရက်တွင် လက်ခံသွားမည်ဖြစ်သည်။









(ref:Reuters)






အခြားဆက်စပ်သတင်းများ