နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေအဖွဲ့အစည်းနှင့် အနီးဆုံး အာကာသတွင်းနက်ကြီး ရှာဖွေတွေ့ရှိ

ဘာလင် ဇူလိုင် ၁၇

နေအဖွဲ့အစည်းနှင့် မနီးမဝေးရှိ ကြယ်အုပ်စုတစ်စုတွင် ပုန်းကွယ် နေသည့် ဧရာမအာကာသတွင်းနက် ကြီး တစ်ခုကို ဂျာမနီနိုင်ငံ မက်စ် ပလန့်ခ်အင်စတီကျု သိပ္ပံပညာရှင် များက ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။

အဆိုပါ အာကာသတွင်းနက်သည် ကမ္ဘာမြေနှင့် အလင်းနှစ် ၁၈,၀၀၀ တွင်ရှိသည့် အိုမီဂါစင်တော်ရီ ကြယ် အစုအဝေးထဲတွင်ရှိနေခြင်းဖြစ်ပြီး သိပ္ပံပညာရှင်များ၏ တွက်ချက်မှု အရ အဆိုပါ အာကာသတွင်းနက်၏ ဒြပ်ထုသည် နေဒြပ်ထုထက် အဆ ပေါင်း ၈၂၀၀ အထိ ပိုကြီးမားကြောင်း သိရသည်။

အိုမီဂါစင်တော်ရီ ကြယ်အစုအဝေး သည် လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာ က နဂါးငွေ့တန်းကြယ်စု၏ ဝါးမျိုမှု ခံခဲ့ရသော ကြယ်စုငယ်တစ်ခု၏အကြွင်း အကျန် ကြယ်အစုအဝေးဖြစ်နိုင် ကြောင်း သိပ္ပံပညာရှင်များက ယူဆထားသည်။

နျူကလီယား လောင်စာကုန် ခန်းပြီးနောက် အလွန်ကြီးမားသည့် ကြယ်ကြီးများ ပြိုကွဲသွားချိန်တွင် အာကာသတွင်းနက်များ ပေါ်ထွက် လာတတ်ကြောင်း သိရသည်။ 









(ref:Daily Mail)






အခြားဆက်စပ်သတင်းများ