နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက္ကဆီကိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၀၀၀ ကျော် ရှိလာ

မက္ကဆီကို၊ ဇူလိုင် ၅

မက္ကဆီကိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀၀၀၀ ကျော်ရှိသည့် နိုင်ငံများစာရင်းတွင် ပါဝင်လာခဲ့သည်။ ပြီးခဲ့သည့်စနေနေ့က မက္ကဆီကိုနိုင်ငံတွင် သေဆုံးသူ ၅၂၃ ဦး ရှိခဲ့ရာ စုစုပေါင်းသေဆုံးသူ ၃၀၃၆၆ ဦး ရှိလာခဲ့သည်။ မက္ကဆီကိုနိုင်ငံမှာ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံး နိုင်ငံစာရင်းတွင် အဆင့်(၅) နေရာ ရောက်လာခဲ့သည်။ ပြီးခဲ့သည့်စနေနေ့က မက္ကဆီကိုနိုင်ငံတွင် တစ်ရက်တာ စံချိန်တင် ရောဂါကူးစက်မှုအဖြစ် ရောဂါကူးစက်ခံရသူ ၆၉၁၄ ဦး ရှိခဲ့ရာ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၂၅၂၁၆၅ ဦးအထိ ရှိလာခဲ့ကြောင်း အရာရှိများက ပြောသည်။

သို့သော် မက္ကဆီကိုနိုင်ငံတွင် ရောဂါရှာဖွေစစ်ဆေးမှုများကို လုံလုံလောက်လောက် မလုပ်နိုင်သည့်အတွက် အမှန်တကယ် သေဆုံးသူနှင့် ရောဂါကူးစက်ခံရသူ အရေအတွက်မှာ ပိုများနိုင်ဖွယ်ရှိသည်ဟု ယူဆထားကြသည်။ မက္ကဆီကိုနိုင်ငံမှာ ဘရာဇီးနိုင်ငံပြီးနောက် လက်တင်အမေရိကနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုတိယမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်လာခဲ့သည်။  သို့သော် မက္ကဆီကိုသမ္မတ အိုဘရာဒေါက မက္ကဆီကိုနိုင်ငံ၏ ရပ်တန့်နေသည့် စီးပွားရေးကို ပြန်လည်စတင်နိုင်ရန် စိတ်အားထက်သန်နေသည်။ မက္ကဆီကိုစီးတီးမြို့တွင် ပြီးခဲ့သည့်ဇွန်လအလယ်ကတည်းက  စက်ရုံအလုပ်သမား သိန်းပေါင်းများစွာက လုပ်ငန်းခွင် ပြန်ဝင်လျက်ရှိသည်။ မက္ကဆီကိုစီးတီးမြို့တွင် ဇူလိုင်လအစောပိုင်းကစ၍ မရှိမဖြစ် မလိုအပ်သည့် စီးပွားရေးလုပ်ငန်းအချို့ကို ပြန်လည်ခွင့်ပြုပေးခဲ့သည်။ 

KNT






အခြားဆက်စပ်သတင်းများ