နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ပထမဆုံး 6G ကွန်ရက် တရုတ် စမ်းသပ်မိတ်ဆက်

ပေကျင်း ဇူလိုင် ၁၆

တရုတ်နိုင်ငံတွင် ပထမဆုံးသော 6G ဆက်သွယ်ရေးကွန်ရက်ကို စတင်စမ်းသပ် မိတ်ဆက်လိုက်ပြီး အဆိုပါ 6G ဆက်သွယ်ရေး ကွန်ရက် သည် ကမ္ဘာပေါ်တွင် ပထမဦးဆုံးသော မြေပြင်စမ်းသပ်ကွန်ရက်တစ်ခု ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ပထမဆုံးသော 6G ဆက်သွယ်ရေးကွန်ရက်ကို ပေကျင်းတက္ကသိုလ်စာတိုက်နှင့်တရုတ် ကြေးနန်းဆက်သွယ်ရေး သုတေသန အဖွဲ့က ကမ္ဘာ့ပထမဆုံး 6G ကွန်ရက် အဖြစ် အောင်မြင်စွာ စမ်းသပ်ထုတ်ဖော် နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုစမ်းသပ်ကွန်ရက်တွင်ယခင် ရှိပြီးသား 4G အခြေခံ အဆောက်အအုံ ပေါ်တွင် 6G ၏ ပို့လွှတ်နိုင်မှုစွမ်းရည် များကို ပြသထားပြီး 6G ဆက်သွယ် ရေးကွန်ရက်တွင် လူသားဆန်သော စက်ရုပ်များ၊ ကွမ်တမ်ကွန်ပျူတာ နှင့် ဦးနှောက်-ကွန်ပျူတာ ကြားခံ များကဲ့သို့သော သေးငယ်သည့် နည်း ပညာများ ပါဝင်သည်ဟု သိရသည်။

တရုတ်နိုင်ငံ၏ မိုဘိုင်းကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Huawei သည် 6G မူပိုင်ခွင့်များနှင့် ပတ်သက်ပြီး လက်ရှိတွင် ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးထားနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။








(ref: CMG)






အခြားဆက်စပ်သတင်းများ