နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားသမ္မတအတွက် လုံခြုံရေးတိုးမြှင့်မည်

မော်စကို ဇူလိုင် ၁၆

ရုရှားအစိုးရအဖွဲ့အနေဖြင့် သမ္မတ ပူတင်ကို လုပ်ကြံနိုင်ခြေများအပါအဝင် ယူကရိန်းအစိုးရဘက်က အန္တရာယ် ပေးနိုင်သည့် အခြေအနေအားလုံးကို ဂရုစိုက်စောင့်ကြည့်ပြီး သမ္မတလုံခြုံရေး ကို တိုးမြှင့်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့ဗ်က ဇူလိုင် ၁၅ ရက်တွင် ပြောကြားသည်။

ရုရှားသမ္မတပူတင်ကို ယူကရိန်း ထောက်လှမ်းရေးညွှန်ကြားရေးမှူး ရုံးက လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု များနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ဒီမီထရီပက်ကောဗ့်က ယခုကဲ့သို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။ 

ယူကရိန်းနှင့် ရုရှားနိုင်ငံအကြား စစ်ပွဲများ စတင်ပြီးနောက်ပိုင်း ရုရှား ထောက်လှမ်းရေးအဖွဲ့နှင့်ယူကရိန်း ထောက်လှမ်းရေးအဖွဲ့တို့သည် ပြိုင်ဘက်နိုင်ငံ၏ နိုင်ငံခေါင်းဆောင် များအပြင် အဓိကအရေးပါသူများ ကို ပစ်မှတ်ထားလုပ်ကြံရန်ကြံစည် ကြိုးပမ်းမှုများ ရှိသဖြင့်သမ္မတလုံခြုံရေး ကို အလေးထားစီစဉ်နေကြောင်း ယင်း က ပြောသည်။







(ref: AP)






အခြားဆက်စပ်သတင်းများ