နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ သင်တန်းအမှတ်စဉ်(၂ဝ) ဆရာဖြစ်သင်တန်း ဒီပလိုမာအောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန်  ဇူလိုင်  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်း၊ သင်တန်းအမှတ်စဉ်(၂ဝ) ဆရာဖြစ်သင်တန်း ဒီပလိုမာ အောင်လက်မှတ်ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အဆိုပါသင်တန်းကျောင်းတွင် ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂ မဟာ သဒ္ဓမ္မဇောတိကဓဇ၊ သန်လျင် မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော် များကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ ဝင်များ၊ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်အမှူး ပြုသောပရိသတ်များက နမော တဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ဖွင့်လှစ်ကြပြီး နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့  ဥက္ကဋ္ဌဆရာတော်ထံမှ ပရိသတ် များက ငါးပါးသီလခံယူဆောက် တည်ကြသည်။

ထို့နောက် ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌ က သင်တန်းဆိုင်ရာများကို လည်းကောင်း၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း က သာသနာရေးဆိုင်ရာများကို လည်းကောင်း လျှောက်ထားကြ သည်။

ဆက်လက်၍ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ် ဆရာတော်က သင်တန်းဆင်းသံဃာတော်များ အား အောင်လက်မှတ်များ ဆက် ကပ်ပြီး တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အလှူရှင်များက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် နှင့်ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များကိုလှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ကျောင်း ထိုင်ဘုန်းကြီးသင်တန်းကျောင်း ကြီးကြပ်ရေးအဖွဲ  ဒုတိယဥက္ကဋ္ဌ စမ်းချောင်းမြို့နယ် နေနတ်သား ပရိယတ္တိစာသင်တိုက်နာယက အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသုစိတ္တ ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကာ ရေစက်သွန်း လောင်း အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်း အနားကို အောင်မြင်စွာရုပ်သိမ်း လိုက်သည်။

ကျောင်းထိုင်ဘုန်းကြီး သင်တန်းအမှတ်စဉ် (၂၀)တွင် သင်တန်းသား အပါး(၂၀) တက် ရောက်အောင်မြင်တော်မူခဲ့ပြီး သင်တန်းကာလမှာ  နှစ်နှစ်ဖြစ် ကြောင်း သိရသည်။

 








ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ