နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆန္ဒပြသူတစ်စုကို ကားဖြင့်ဝင်တိုက်မိ၍ အမျိုးသမီးနှစ်ဦး ပြင်းပြန်းထန်ထန် ဒဏ်ရာရ

ဝါရှင်တန်၊ ဇူလိုင် ၅

ဆီယက်တယ်ပြည်နယ်ရှိ ပိတ်ထားသည့် အဝေးပြေးလမ်းပေါ်ရှိ ဆန္ဒပြသူတစ်စုကို ကားတစ်စီးက ဝင်တိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးနှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြောင်း အရာရှိများက ပြောသည်။ ဒဏ်ရာရခဲ့သည့် အမျိုးသမီးတစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ပြီး သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့သည်။

ပြီးခဲ့သည့်မေလက မင်နီယာပိုလစ်မြို့တွင် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခြင်းခံရစဉ် လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးခဲ့ပြီးနောက်ပိုင်း ဆီယက်တယ်မြို့တွင် မတည်ငြိမ်မှုများ ဖြစ်ပွားလျက်ရှိသည်။ အမေရိကန်နိုင်ငံတစ်ဝန်းတွင် Black Lives Matter လှုပ်ရှားမှုအဖြစ် ဆန္ဒပြမှုများ အကျယ်တဝင့်ဖြစ်ပွားနေ သည်။ 

ပြီးခဲ့သည့်စနေနေ့ နံနက်အစောပိုင်းက အမျိုးသမီးများ ချီတက်ပွဲမတိုင်မီ ပြည်နယ်ချင်းဆက်လမ်းမကြီး အမှတ်(၅)ကို ပိတ်ထားရာ တောင်ဘက်သို့ ဦးတည်သည့် လမ်းပိုင်းတွင် ယခုကဲ့သို့ မတော်တဆဖြစ်ပွားခဲ့သည်။

အဝေးပြေးလမ်းတစ်လျှောက် အရှိန်တင် မောင်းနှင်လာသည့် အဖြူရောင်ကားမှာ လမ်းပိတ်ဆို့ရန်ရပ်နား ထားသည့် ကုန်တွဲကားနှစ်စီးကို တိမ်းရှောင်ရန် လမ်းဘေးသို့ဆွဲကွေ့ခဲ့ရာ လူနှစ်ဦးကို တိုက်မိခဲ့ခြင်း ဖြစ်သည်။ သံသယရှိသူမှာ ဆီယက်တယ်မြို့တွင်နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသားဖြစ်သည်။ ယခုဖြစ်ရပ်မှာ ပစ်မှတ်ထားတိုက်ခိုက်မှု ဟုတ်၊ မဟုတ် တိတိကျကျ မသိရသေးပေ။

KNT






အခြားဆက်စပ်သတင်းများ