နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်အသင်း အင်္ဂလန်ကို အနိုင်ရ ယူရို ၂၀၂၄ ချန်ပီယံဆု လေးကြိမ်မြောက် ဆွတ်ခူး

ဇူလိုင် ၁၅

ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲ စဉ်အဖြစ် စပိန်အသင်းနှင့် အင်္ဂလန်အသင်းတို့ ယနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင် ကစားကြရာ စပိန်အသင်းက အင်္ဂလန်အသင်းကို နှစ်ဂိုး၊ တစ် ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆု ကို ဆွတ်ခူးနိုင်သွားသည်။

စပိန်အသင်းအတွက် အနိုင် ဂိုးများကို ပွဲချိန် ၄၇ မိနစ်တွင် နီကိုဝီလီယံနှင့် ၈၆ မိနစ်တွင် အော်ဟာဇာဘယ်လ်တို့ကသွင်း ယူပေးကြပြီး အင်္ဂလန်အသင်း အတွက် ချေပဂိုးကို ၇၃ မိနစ် တွင် ကိုးလ်ပယ်မာက သွင်းယူ ပေးသည်။

စပိန်အသင်းသည် ချိန်ပီယံ ဆုကို လေးကြိမ်မြောက်ဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်ပြီး ယူရို ပြိုင်ပွဲ၏ အအောင်မြင်ဆုံး အသင်းဖြစ် လာသည်။

ထို့ပြင် ကိုပါအမေရိကဖလား ဗိုလ်လုပွဲစဉ်တွင် အာဂျင်တီးနား အသင်းက ကိုလံဘီယာအသင်း ကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ ပြီး ချန်ပီယံဆုကို ဆွတ်ခူး သွားသည်။ အာဂျင်တီးနား အသင်းအတွက် အဖိုးတန်အနိုင် ဂိုးကို အချိန်ပို ၁၁၂ မိနစ်တွင် တိုက်စစ်မှူး မာတီနက်ဇ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနားအသင်း သည်ကိုပါ အမေရိက ချန်ပီယံဆု ကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင် ခဲ့ခြင်းဖြစ်ပြီး စံချိန်တင် ၁၆ ကြိမ် မြောက် ရရှိခဲ့ခြင်းဖြစ်သည်။








သူရိန်






အခြားဆက်စပ်သတင်းများ