နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် မဲဆွယ်ပွဲတွင် လုပ်ကြံခံရ ပစ်ခတ်သူကို FBI က စစ်ဆေးဖော်ထုတ်နေ

ဝါရှင်တန် ဇူလိုင် ၁၅

 အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်အား မဲဆွယ်ပွဲအတွင်း လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းသည့် သေနတ်သမားသည် အသက် ၂၀ အရွယ်ရှိ သောမတ်စ်မက်သရူးခရွတ်စ် ဆိုသူဖြစ်ကြောင်း FBI က ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါသေနတ်သမားသည် ရီပတ်ဘလစ်ကန်တစ်ဦးအဖြစ် မဲ ပေးရန် စာရင်းသွင်းထားသော်လည်း ဒီမိုကရက်တစ် ဘက်မလိုက်အဖွဲ့ အတွက် ယခင်က ရန်ပုံငွေ ၁၅ ဒေါ်လာ ပေးအပ်ခဲ့သူဖြစ်ကြောင်း အများပြည်သူဆိုင်ရာမှတ်တမ်းများအရ သိရသည်။

သောမတ်စ်မက်သရူးခရွတ်စ်သည် ထရန့်၏ လူထုစည်းရုံးမှုနေရာနှင့် တောင်ဘက် ၃၅ မိုင်ခန့်အကွာရှိ ပစ်စဘာ့ဂျ်မြို့ ဆင်ခြေဖုံးရပ်ကွက် ဘက်သယ်လ်ပါ့ခ်တွင် နေထိုင်ပြီး သမ္မတဟောင်းထရန့်ကို ပစ်ခတ်ခဲ့ သည်မှာမှန်ကန်ကြောင်း တရားဥပဒေ စိုးမိုးရေးအရာရှိများက ပြောသည်။

ယင်းသည် မဲဆွယ်ပွဲအတွင်း ပစ်ခတ်ဖမ်းဆီးခံရသဖြင့် သေဆုံးသွား ပြီဖြစ်ကာ ရုပ်အလောင်းကို သက်သေ ခံအထောက်အထားနှင့်တကွ လက် ဝယ်မိသည့်အတွက် ဇီဝအချက်အလက် တိုင်းတာစစ်ဆေးမှုစနစ် (Biometric) နှင့် DNA အတည်ပြုချက်များ လုပ်ဆောင် ပြီး ဖော်ထုတ်နေကြောင်း ပစ်စဘာ့ဂျ် မြို့တော်FBI ဌာနတာဝန်ခံအထူး အေးဂျင့်  ကီဗင်ရိုဂျက်က ပြောသည်။








(ref:CNN)






အခြားဆက်စပ်သတင်းများ