နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လည်ပင်းကိုချုပ်ထားသည့် ဓာတ်ပုံကြောင့် ရဲအရာရှိသုံးဦး ရာထူးမှ ထုတ်ပယ်ခံရ

ဝါရှင်တန်၊ ဇူလိုင် ၅

လူမည်းအမျိုးသားတစ်ဦးကို သေဆုံးစေခဲ့သည့် လည်ပင်းချုပ်ကွက်ပုံစံ ဓာတ်ပုံရိုက်ပြီး ဝေမျှခဲ့ခြင်းကြောင့် ကော်လိုရာဒိုပြည်နယ်မှ အမေရိကန်အရာရှိသုံးဦး ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ အသက် ၂၃ နှစ်ရှိသည့် မက်ကလိန်းမှာ ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ရဲတပ်ဖွဲ့၏ တားဆီးခြင်းခံရပြီးနောက် သေဆုံးခဲ့သည်။ ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခြင်းခံရစဉ် လက်နက်မဲ့လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးခဲ့ပြီးနောက် မက်ကလိန်း၏ဖြစ်ရပ် အပေါ် တစ်ကျော့ပြန် အာရုံစိုက်မှုများ ရှိလာခဲ့သည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်က အူရိုရာမြို့တွင် မက်ကလိန်း လမ်းလျှောက်လာစဉ် ယင်း၏ပုံစံနှင့် တူညီသူတစ်ဦးကို သံသယဖြစ်စရာရှိသည်ဟု သတင်းရထားခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေရန် ကြိုးပမ်းခဲ့သည်။ သို့သော် မက်ကလိန်းက ခုခံခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ယင်း၏လည်ပင်းကို ချုပ်ခဲ့ခြင်းကြောင့် မက်ကလိန်း သတိလစ်သွားခဲ့သည်။  ရဲတပ်ဖွဲ့ဝင်များက အရေးပေါ်အဖွဲ့ကို ခေါ်ယူခဲ့သော်လည်း မက်ကလိန်းမှာ နှလုံးခုန်ခြင်းမရှိတော့ဘဲ နောက်ပိုင်းတွင် ဦးနှောက်အလုပ်လုပ်မှု ရပ်တန့်ပြီး ကွယ်လွန်ခဲ့သည်။

ရဲအရာရှိများက လည်ပင်းကိုချုပ်ပြီး ရိုက်ကူးခဲ့သည့်ဓာတ်ပုံမှာ လူသားချင်းစာနာမှု၊ လူမှုရေးကျင့်ဝတ်များကို ချိုးဖောက်သည့် ရာဇဝတ်မှုဖြစ်သည်ဟု အူရိုရာမြို့မှာ ယာယီရဲမှူးချုပ် ဗာနက်ဆာဝီလ်ဆင်က ပြောသည်။ ဓာတ်ပုံရိုက်ကူးရာတွင် ပါဝင်ခဲ့သည့် ရဲအရာရှိသုံးဦးကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ပြီးခဲ့သည့်အင်္ဂါနေ့တွင် အခြားရဲအရာရှိတစ်ဦးမှာ အဆိုပါဖြစ်ရပ်ကြောင့် ရာထူးမှနုတ်ထွက်ခဲ့သည်။

KNT






အခြားဆက်စပ်သတင်းများ