နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အရှည်ဆုံး နှင့် အလေးဆုံး စက်ဘီး နယ်သာလန်တီထွင်

အင်စတာဒမ် ဇူလိုင် ၁၄

၅၅ ဒသမ ၁၆ မီတာ ရှည်လျား သော ကမ္ဘာ့အရှည်ဆုံးနှင့် အလေးဆုံး သတ္တုစက်ဘီးကို  နယ်သာလန် အင်ဂျင်နီယာရှစ်ဦးက  ဒီဇိုင်းဆွဲ တည်ဆောက်လိုက်ကြောင်း  သိရ သည်။

အသက် ၃၉ နှစ်အရွယ် အိုင်ဗန် ရှော့ခ်သည် ဂင်းနစ်မှတ်တမ်းစာအုပ် ကို စတင်ဖတ်ရှုခဲ့သည့် ငယ်စဉ်ဘဝ တည်းက ကမ္ဘာ့အရှည်ဆုံးစက်ဘီး တည်ဆောက်ရန်  အတွေးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အဆိုပါပရော့ဂျက်ကို စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အဆိုပါ ပရော့ဂျက် ကို တစ်ဦးတည်း တည်ဆောက်ရန် မဖြစ်နိုင်သောကြောင့် နယ်သာလန် နိုင်ငံတွင် လူသိများသော ၎င်း၏ရွာ Prinsenbeek မှ စိတ်တူကိုယ်တူ အင်ဂျင်နီယာများ၏ အကူအညီကို ရယူခဲ့ရသည်ဟု ဆိုသည်။

အဆိုပါစက်ဘီးကို လူနှစ်ဦး စီးနင်း နိုင်ပြီး ရှေ့တွင် တစ်ဦးက လက်ကိုင်ကို ကိုင်ထားရမည်ဖြစ်ကာ နောက်တွင် အခြားတစ်ယောက်ကနင်းရမည် ဖြစ်ကြောင်း၊ ယင်းကိုသတ္တုများဖြင့် တည်ဆောက်ရန်အတွက်  အချိန် လေးနှစ်နီးပါးယူခဲ့ရပြီး  အဓိက ရည်မှန်းချက်သည် ဂင်းနစ်စံချိန် ကိုရရှိရန်ဖြစ်သဖြင့် စက်ဘီး တည် ဆောက်ရာတွင်  ဂင်းနစ်မှတ်တမ်း စည်းမျဉ်းအားလုံးကို   ထည့်သွင်း စဉ်းစားခဲ့ကြောင်း သိရသည်။








(ref: AFP)






အခြားဆက်စပ်သတင်းများ