နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ ပဉ္စမအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်  ဇူလိုင်  ၁၄

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ဌာနဆိုင်ရာများ ပဉ္စမအကြိမ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ လှော်ကား ရေဝေရေလဲဒေသ တွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဦးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီး များ၊မင်္ဂလာဒုံ တပ်နယ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်း များ တက်ရောက်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဌာနဆိုင်ရာများအား စိုက်ပျိုး မည့် သစ်ပင်များ ပေးအပ်သည်။

ဆက်လက်၍ ဒုတိယတိုင်းမှူး၊ မင်္ဂလာဒုံတပ်နယ်မှူး၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် စည်ပင်သာယာရေး ဝန်ကြီးတို့ က တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများအား သစ်ပင် များ ပေးအပ်ကြပြီး စုပေါင်း သစ်ပင်စိုက်ပျိုးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျွန်းပင် ၅၀၀၀၊ ပျဉ်းကတိုးပင် ၃၀၀၀၊ ဆီသပြေပင် ၂၀၀၀၊ စိန်ပန်း ပင် ၄၀၀၊ ငုဝါပင် ၄၀၀ စုစုပေါင်း ၁၀၈၀၀ ပင်ကို ဝန်ထမ်းများ က စုပေါင်းစိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြ  သည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း ၂၀၂၄ ခုနှစ်တွင် ယနေ့ အပါအဝင် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲများဖြင့် အရိပ်ရ အပင်ပေါင်း ၆၈၇၅၆ ပင် စိုက်ပျိုး ပြီးကြောင်း သိရသည်။









ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ