နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုက်အသင်း ကွင်းလယ်ကစားသမား သူရမ်ကို ဂျူဗင်တပ် ခေါ်ယူ

ဇူလိုင် ၁၃

နိုက်အသင်း ကွင်းလယ်ပိုင်း တွင် ခြေစွမ်းပြကစားနေသည့် လူငယ်ကစားသမား သူရမ်ကို ဂျူဗင်တပ်အသင်းက ပြောင်း‌ရွှေ့ ကြေး ယူရို ၂၅ သန်းဖြင့် ခေါ်ယူ နိုင်ခဲ့ကြောင်း သိရသည်။

ဂျူဗင်တပ်အသင်းသည် သူရမ်ကို ခေါ်ယူရန် ကာလရှည် ကြိုးပမ်းခဲ့ရပြီး ကစားသမား အတွက် နိုက်အသင်းအား ပြောင်းရွှေ့ကြေး ဝန်ဆောင်ခ ယူရို ငါးသန်းအပါအဝင် စုစုပေါင်း ယူရို ၂၅ သန်း ပေးချေခဲ့ရပြီး ငါးနှစ်စာချုပ်ချုပ်ဆိုရန် သဘော တူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား သူရမ် ကို မိုနာကို လူငယ်အကယ်ဒမီ ထွက် ကစားသမားတစ်ဦးဖြစ်ပြီး  ၂၀၁၉ ခုနှစ်က နိုက်အသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ်ချုပ် ဆိုခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၁၆၇ ပွဲ အထိ ပါဝင်ကစားခွင့်ရခဲ့ကာ သွင်းဂိုး ကိုးဂိုးနှင့် ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အသင်း ၏ အဓိကကစားသမားတစ်ဦး အဖြစ် ခြေစွမ်းပြသနေသူဖြစ် သည်။                           








သူရိန်






အခြားဆက်စပ်သတင်းများ