နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ဘောလုံးအင်္ကျီ ၆,၀၀၀ ကျော် စုဆောင်းသူ ဂင်းနစ်မှတ်တမ်းဝင်

ဆော်ပိုလို ဇူလိုင် ၁၃

ဘရာဇီးလူမျိုး ကတ်စီယိုဘရန် ဒါအိုသည် ကမ္ဘာပေါ်တွင် ဘောလုံး အင်္ကျီစုဆောင်းထားမှု အများဆုံး လူသားအဖြစ် ဂင်းနစ်မှတ်တမ်းဝင် သွားကြောင်း သိရသည်။

၎င်းစုဆောင်းထားသည့် ဂျာစီ များတွင် ဂန္ထဝင်ဘောလုံးသမားပီလီ ၏ အင်္ကျီအပါအဝင် ၁၉၉၈ ခုနှစ်က  ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒို လက်မှတ်ထိုးထားသည့် အင်္ကျီလည်း ပါဝင်ကြောင်း သိရသည်။

အသက် ၄၁ နှစ်အရွယ်ရှိ ဘရန် ဒါအိုသည် ဂူဂဲလ်ကုမ္ပဏီ၏ ဝန်ထမ်း တစ်ဦးဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ကတည်း က ဘောလုံးအင်္ကျီများစွာကို စတင် စုဆောင်းခဲ့ကာ လက်ရှိတွင် ဘောလုံး အင်္ကျီပေါင်း  ၆,၁၀၁  ထည်ရှိပြီ ဖြစ်ကြောင်း သိရသည်။

‌ဘရန်ဒါအိုသည် ဆော်ပိုလိုမြို့တွင် ဘောလုံးအင်္ကျီစုဆောင်းသည့်အသင်း ထူထောင်ထားပြီး အဆိုပါရုံးခန်းတွင် ဘောလုံးအင်္ကျီများကို ထားရှိကာ ၁၉၆၈ ခုနှစ်က ဘရာဇီး ဂန္ထဝင်ကစားသမား ပီလီ ဗြိတိန်ဘုရင်မကြီးကို တွေ့ဆုံစဉ်က ဝတ်ဆင်ခဲ့သည့် အင်္ကျီကဲ့သို့ ရှားပါး ဘောလုံးအင်္ကျီများလည်း ဘရန်ဒါအို၏ စုဆောင်းမှုတွင် ပါဝင်ကြောင်း သိရ သည်။  

                                                         







(ref:Reuters)






အခြားဆက်စပ်သတင်းများ