နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စနေညပွဲစဉ်တွေထဲက ဂျူဗင်တပ်စ်အသင်းရဲ့ ထူးခြားဖြစ်စဉ်များ

ဇူလိုင်   ၅

စီးရီးအေပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ တိုရီနိုတို့ပွဲမှာ ဂျူဗင်တပ်စ်တို့ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဂျူဗင်တပ်စ်အတွက် ဒိုင်ဗားလား၊ ရော်နယ်လ်ဒို၊ ကွာဒရာဒိုနဲ့ တိုရီနိုကစားသမားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းတဲ့ ဂိုးတွေကြောင့် ၄-၁ ဂိုးနဲ့ ဂျူဗင်တို့ အနိုင်ရခဲ့တာပါ။

ဒါကြောင့်လဲ အမှတ်ပေးဇယားကို ၇ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုကလည်း ဂျူဗင်တပ်စ်အသင်းအတွက် ၂၅ ဂိုးမြောက်ဂိုးသွင်းခဲ့တာကြောင့် ဂျူဗင်တပ်အသင်းရဲ့ နှစ်ခြောက်ဆယ်အတွင်း ပထမဆုံး တစ်ရာသီထဲမှာ သွင်းဂိုး ၂၅ ဂိုးပြည့်မြောက်အောင်သွင်းခဲ့တဲ့ကစားသမားဖြစ်လာပါတယ်။

ဂျူဗင်တပ်နဲ့ တိုရီနိုတို့ပွဲမှာ တစ်ယောက်တစ်ဂိုးစီသွင်းယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုနဲ့ ကွာဒရာဒိုတို့ကလည်း တစ်ပွဲတည်းမှာ အကောင်းဆုံးကစားသမားတွေအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ကြတယ်။ ယခုပွဲမှာပဲ ဂျူဗင်တပ် အသင်း ဂိုးပေါက်ကိုစောင့်ရှောက်နေတဲ့ အသက် ၄၂ နှစ်အရွယ် ဂိုးသမားဘူဖွန်တစ်ယောက်လည်း ပွဲပေါင်း ၆၄၈ ပွဲပြည့်မြောက်ခဲ့တာကြောင့် စီးရီးအေရဲ့ပွဲအများဆုံးကစားသမားစံချိန်တင်ဖြစ်ခဲ့ပါတယ်။

So






အခြားဆက်စပ်သတင်းများ