နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖျားနာကုဆေးခန်း၌ စမ်းသပ်စစ်ဆေးခံသူ ၆၀ ဦးတွင် တီဘီရောဂါလက္ခဏာ ၁၀ ဦးတွေ့ရှိ

ရန်ကုန်   ဇူလိုင်   ၅

ရန်ကုန်တိုင်းဒေသကြီးတွင်ဖွင့်လှစ်ထားသည့် ဖျားနာလူနာကုသမှုအခမဲ့ဆေးခန်း Fever Clinic များတွင် တီဘီရောဂါရှိ၊ မရှိ အခမဲ့စစ်ဆေးပေးခြင်းလုပ်ငန်းကို ဇူလိုင် ၁ ရက်နေ့မှစတင်ပြီး ဆောင်ရွက်ပေးလျက်ရှိ သည်ဟု လူထုအခြေပြုဖျားနာလူနာကုဆေးခန်းများကွန်ယက်ရန်ကုန်မှသိရသည် ။

တီဘီရောဂါရှိ၊ မရှိစမ်းသပ်စစ်ဆေးခြင်းကို အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၏ လမ်းညွှန် ချက်ဖြင့် Fever Clinic များနှင့် ပြည်ကြီးခင်လူမှုအဖွဲ့အစည်းတို့ပူးပေါင်းပြီးဆောင်ရွက်ခြင်းဖြစ်သည်။ ထိုသို့ စစ်ဆေးရာတွင် တီဘီဌာနမှဆရာဝန်တစ်ဦး၊ ဓါတ်မှန်ကျွမ်းကျင်တစ်ဦး၊ ဓါတ်မှန်အကူတစ်ဦးတို့က Portable Digital X - Ray ရွေ့လျားဓါတ်မှန်စက်ကြီးများအသုံးပြု၍ တီဘီရောဂါဖြစ်နိုင်သည့်လက္ခဏာရှိနိုင်သည့်       လူနာများကိုစမ်းသပ်စစ်ဆေးသည့် တီဘီရောဂါလက္ခဏာတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်ရှိတီဘီဌာနများသို့လွှဲပြောင်းကုသပေးမည်ဖြစ်သည်။

ဆေးရုံများနှင့်တွဲဖက်ထားခြင်းမရှိသည့်မြို့နယ် ၁၄ မြို့နယ်ရှိ Frver Clinic များတွင်သာ ဆောင်ရွက်ပေး ခြင်းဖြစ်သည်။ ဇူလိုင် ၁ ရက်မှ ၃ ရက်နေ့ထိ မြို့နယ် ၆ ခုရှိ Fever Clinic ၌လာရောက်ပြသသူ ၆၀ ဦးတွင် တီဘီရောဂါလက္ခဏာစစ်ဆေးတွေ့ရှိသူ ၁၀ ဦးရှိကြောင်း သိရသည် ။                                     

အောင်သူရ






အခြားဆက်စပ်သတင်းများ