နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖြစ်လာနိုင်ဖွယ် သဘာဝအန္တရာယ် ကြိုတင်ပြင်ဆင် ကာကွယ်

မိမိတို့၏ အိမ်နီးချင်းနိုင်ငံတစ်ခုတွင် မုတ်သုံမိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများကြောင့် လူသန်းနှင့်ချီ၍ ရေဘေးရှောင်ကြရ သည်။ ရေဘေးအန္တရာယ်ခြိမ်းခြောက်မှုကို ခံနေရခြင်းနှင့် ရေဘေး ကြောင့် လူ့အသက်ဆုံးရှုံးမှုတို့ ဖြစ်ပေါ်နေကြောင်းလည်း သတင်း များတွင် တွေ့ရှိရသည်။ 

မိုးကြီးသည့် ရာသီဥတုဖြစ်စဉ်သည် မြစ်ချောင်းများတွင် ရေကြီးရေလျှံခြင်း၊ တောင်ကျရေကျဆင်းပြီး ဒေသအချို့တွင် ရုတ်တရက် ရေကြီးခြင်း၊ တောင်ပြို၊ မြေပြိုခြင်း၊ မြစ်ကမ်းပါးများ ပြိုခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များကို ဖြစ်ပေါ်စေသည်။

မိမိတို့နိုင်ငံသည် ပထဝီ မြေပြင်အနေအထားကြောင့် သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သည့် အလားအလာမြင့်မားသည့် နိုင်ငံ ဖြစ်သည်။ နှစ်စဉ် မုတ်သုံမိုးနှင့်အတူ မြစ်ရေပုံမှန်မြင့်တက်မှု ဖြစ်သော်လည်း ရေကြီးသည့်အန္တရာယ် ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု မျှော်လင့်ထားကာ ပြင်ဆင်ဖွယ်ရာရှိသည်တို့ကို ပြင်ဆင်ထားကြရ တော့မည် ဖြစ်သည်။

သဘာဝဘေးအန္တရာယ်အတွက် သက်ဆိုင်ရာဌာနများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေလျက်ရှိသကဲ့သို့ ဘေးအန္တရာယ် ကျရောက်နိုင်သည့် နေရာဒေသများတွင် ရောက်ရှိ၊ နေထိုင်နေကြ သည့် ပြည်သူများအနေဖြင့်လည်း သဘာဝဘေးကြောင့် လူ၊ တိရစ္ဆာန်နှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ကြိုတင် ပြင်ဆင်ကြရမည် ဖြစ်သည်။ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန က အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသော မိုးလေဝသ သတင်းများကို အမြဲမပြတ်နားထောင်ခြင်း၊ ဘေးအန္တရာယ် သတိပေးချက်များကို လိုက်နာဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိ ပညာပေးမှုများနှင့် ကျန်းမာရေးသတိပေးနှိုးဆော်ချက်များကို ဂရုတစိုက် လိုက်နာဆောင်ရွက်ခြင်း၊ အရေးပေါ်ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အစားအစာနှင့် သောက်သုံးရေ၊ အရေးကြီး စာရွက်စာတမ်းများ၊ အဖိုးတန်ပစ္စည်းများ စသည်တို့ကို ရေလုံ ထုပ်ပိုးခြင်းနှင့် ရေလွတ်နေရာသို့ ‌ရွှေ့ပြောင်းရန် ပြင်ဆင်ထားခြင်း၊ သန့်ရှင်းသော သောက်သုံးရေနှင့် အစားအစာများကို စားသုံးပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြု ဆောင်ရွက်ခြင်း၊ ဒေသတွင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေးလုပ်ငန်း များ  ဆောင်ရွက်မည့်   ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ကျန်းမာရေးနှင့် အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သဘာဝ ဘေးအန္တရာယ်ကျရောက်မှု လျော့ပါးရေး ပူးပေါင်းပါဝင် ဆောင်ရွက် စေချင်ကြောင်း။      






အခြားဆက်စပ်သတင်းများ