နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား ကျင်းပ

ရန်ကုန်  ဇူလိုင်  ၁၂

ရန်ကုန်တိုင်း ဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ရန်ကင်းပညာရေး ဒီဂရီကောလိပ်နှင့် တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှား မှုအခမ်းအနားကို ယနေ့ နံနက် ပိုင်းက ရန်ကင်းမြို့နယ်၊ ရန်ကင်း ပညာရေး ဒီဂရီကောလိပ်တွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကင်းပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဦးအောင်မြတ်စိုး၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး  ညွှန်ကြားရေးမှူး (ပညာ) ဒေါ်ခင်သန်းဦး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်း နှင့် တာဝန်ရှိသူများက ဖဲကြိုး ဖြတ်၍ အခမ်းအနားကို ဖွင့်လှစ် ပေးကြသည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများသည် စာဖတ်ရှိန် မြှင့်တင်ရေးဆိုင်ရာ ပြိုင်ပွဲများနှင့် ဂိမ်းကစားနည်း ပြိုင်ပွဲများတွင် လည်းကောင်း၊ ကဗျာရွတ်ဆို၊ ပုံပြင်ပြော၊ စိတ်ကြိုက်ပန်းချီ၊ စာဖတ်စွမ်းရည် နှင့်                       စာစီစာကုံး ပြိုင်ပွဲများတွင် လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အေးချမ်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲယှဉ်ပြိုင် နေမှုများကို လည်းကောင်း၊ ဓာတ်ပုံပြခန်းများ၊ သုတ/ရသ စာအုပ်ပြခန်းများနှင့် စာအုပ် အရောင်းဆိုင်များကိုလည်းကောင်း လှည့်လည်ကြည့်ရှု အားပေးကြ သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက "ပညာ ဘဏ်တိုက် စာကြည့်တိုက်" သီချင်းနှင့် "သွေးချင်းတို့မြေ" သီချင်းများဖြင့် သီဆိုတင်ဆက် ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ အလှူရှင်များ က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ် ရှိန်မြှင့်တင်ရေး အခမ်းအနား အတွက် အလှူငွေနှင့် စာအုပ် စာစောင်များ လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက လက်ခံ ရယူကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် ဟောပြောမည့် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်အား ဂုဏ်ပြု လက်ဆောင် ချီးမြှင့်ပြီးနောက် အခမ်းအနားကို ဒုတိယပိုင်း အစီအစဉ်များဖြင့် ဆက်လက် ကျင်းပသည်။








ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ