နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်္ဂလန်အသင်း နယ်သာလန်ကို အနိုင်ရ ယူရို ၂၀၂၄ ဗိုလ်လုပွဲ တက်

ဇူလိုင် ၁၁

ယူရို ၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နယ်သာလန်အသင်း နှင့် အင်္ဂလန်အသင်းတို့ ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစား ကြရာ အင်္ဂလန်အသင်းက နယ်သာလန်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးက အပြန်အလှန်ထိုးဖောက်မှုများ နှင့်အတူ အကြိတ်အနယ်ယှဉ်ပြိုင်ကြကာ အခွင့်အရေးကိုယ်စီဖန်တီး နိုင်ခဲ့ကြသော်လည်း နယ်သာလန်အသင်းတိုက်စစ် လိုအပ်ချက်များ ရှိနေခြင်းကြောင့် ရှုံးပွဲကြုံတွေ့ပြီး ဆီမီးဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရကာ အင်္ဂလန်အသင်းက နောက်ကျ ဂိုးဖြင့် နိုင်ပွဲရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်အသင်းသည် ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲသို့ နှစ်ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၄ ရက်တွင် ဗိုလ်လုပွဲစဉ်အဖြစ် စပိန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ထို့ပြင် ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကိုလံ ဘီယာအသင်းက ဥရုဂွေးအသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ 

ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဇူလိုင် ၁၄ ရက်တွင် အာဂျင်တီးနားအသင်းနှင့် ကိုလံဘီယာအသင်းတို့ ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။                                                               








သူရိန်






အခြားဆက်စပ်သတင်းများ