နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်ဖျက်ဆီးမှုဟူသမျှ ဆန့်ကျင်ရှုတ်ချ

မြန်မာနိုင်ငံတွင် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းကြ ရန် ၂၀၂၂ ခုနှစ် မေလမှ ဩဂုတ်လအတွင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် ပထမအကြိမ်တွေ့ဆုံမှုများတွင် သဘောတူညီခဲ့ကြသည်။

နိုင်ငံလွတ်လပ်ရေးရပြီးသည့် ၇၆ နှစ်တာ ကာလတစ်လျှောက် လုံးတွင် လက်နက်ကိုင် တိုက်ခိုက်ခဲ့သည့်နည်းလမ်းများက လိုရင်း အခြေအနေကိုမရရှိစေသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် လည်း ကမ္ဘာ့အဆင့်နှင့် ဒေသတွင်းအဆင့် အိမ်နီးချင်းအဆင့်မှာပင် နောက်ကျကျန်နေသည့် အခြေအနေသို့ ရောက်ရှိနေကြသည်။

မငြိမ်းချမ်းခြင်းကြောင့် နိုင်ငံမဖွံ့ဖြိုး၊ နိုင်ငံမဖွံ့ဖြိုးခြင်းကြောင့် နိုင်ငံအတွင်းရှိ ဒေသအသီးသီးတို့လည်း မဖွံ့ဖြိုး၊ ဒေသခံပြည်သူတို့ လည်း လူမှုစီးပွားဘဝများ နိမ့်ကျစေသည့်ရလဒ်များ ဆက်လက် ဖြစ်ပေါ်လာသည်။ ယင်းဆိုးကျိုးတို့၏ ဒဏ်ကိုခံစားကြရသူများမှာ မိမိတို့ တိုင်းရင်းသားပြည်သူလူထု အားလုံးပင်ဖြစ်သည်။

လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းများ၏ နည်းလမ်း မျိုးစုံဖြင့် ဖျက်ဆီးမှုများတွင် ရထားလမ်း၊ တံတား၊ ဘူတာ၊ မြန်မာနိုင်ငံအနှံ့အပြားရှိ  ကားလမ်းများနှင့်  မြစ်ကူးချောင်းကူး တံတားများ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ ဓာတ်အားလိုင်း တာဝါတိုင်များနှင့် ထရန်စဖော်မာများပါဝင်ရာ ၂၀၂၁ ခုနှစ်နောက် ပိုင်းတွင် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်သည်။

သောင်းကျန်းသူအဖျက်သမားများသည် လက်နက်အားကိုး စစ်ဘုရင်ဝါဒ ထူထောင်နေရာ တိုင်းရင်းသားဒေသများတွင် ဆက်ကြေးကောက်၊ သယံဇာတခိုးထုတ်၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကား စစ်အင်အားတိုးချဲ့ပြီး တိုင်းရင်းသား ပြည်သူများကို နှိပ်စက်ညှဉ်းပန်းနေကြသည်။

ပြည်သူများ၏ လူမှုရေး၊ ပညာ‌‌ရေး၊ ကျန်းမာရေးနှင့် နေ့စဉ် ပရိယေသနဝမ်းစာ ရှာဖွေရေးတွင် အခြေခံအဆောက်အအုံများ ကောင်းမွန်မှ ဆက်သွယ်ကူးသန်းသွားလာမှု လွယ်ကူချောမွေ့နိုင် မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် မြို့ခံ လူထုနှင့်  ဒေသခံတိုင်းရင်းသား  ပြည်သူလူထု၏  လုံခြုံရေး             နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို ထာဝစဉ်ဆောင်ရွက်လျက် ရှိရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုကြီး မပြိုကွဲရေး အတွက် သောင်းကျန်းသူအကြမ်းဖက် အဖျက်သမားများကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပြည်သူ့အားဖြင့် ဆန့်ကျင်    ရှုတ်ချကြရမည်ဖြစ်ပါကြောင်း။       






အခြားဆက်စပ်သတင်းများ