နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်များရှိ ဈေးများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်  ဇူလိုင်  ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင် ဇွန်  ၂၅ ရက်မှ စတင်၍ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာများဖြင့်  လူနာအချို့ ဆေးရုံတက်ရောက်ကုသမှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ နှင့်အတူ  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများအနေဖြင့် ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို အလေးထားဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက်  ယနေ့နံနက်ပိုင်းက လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းရှိ စျေးများနှင့် ကုန်စည်ပွဲရုံ များဌာန လှိုင်ရတနာစျေး၊ လှိုင်မြို့နယ်၊ (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ရွှေပိတောက်ငါးစျေး နှင့် သီရိမင်္ဂလာစျေး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ ရပ်ကွက်၊ မင်းကြီးလမ်းရှိ ဘိုကုန်းစျေး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၂၀) ရပ်ကွက်၊ အနော်ရထာလမ်းရှိ (၂၀) ရပ်ကွက် စျေးများ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

မြို့တော်ဝန်နှင့်အဖွဲ့သည် ယနေ့နံနက် ၇ နာရီက လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ ရန်ကုန်- အင်းစိန်လမ်းရှိ စျေးများနှင့်ကုန်စည်ပွဲရုံများ ဌာန လှိုင်ရတနာဈေးသို့သွားရောက်၍ ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း ကာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ခြင်း၊ အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော်ခြင်း၊ သောက်ရေသန့်ရှင်းရေးအတွက် ရေသန့်ဆေးပြား များဝေငှခြင်း၊ သုံးရေသန့်ရှင်းရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ စျေးအတွင်းရောင်းချ လျက်ရှိသည့် ဟင်းသီးဟင်းရွက်နှင့် သား၊ ငါးများ  သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ အစားအစာများတွင် ဓာတုဆိုးဆေးများသုံးစွဲထားမှုရှိ/ မရှိ၊ အသား၊ ငါး များရောင်းချရာတွင် ယင်လုံပိတ်စများဖုံးအုပ်ထား မှုရှိ/မရှိ၊ သန့်စင်ခန်းများ သန့်ရှင်းမှုရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ကျန်းမာရေး နှင့်ညီညွတ်သည့် အသား၊ ငါးများကိုသာ ရောင်းချရန်၊ စျေးအတွင်း သန့်ရှင်းသပ်ရပ်စွာ ရောင်းဝယ်ဖောက်ကားကြရန်၊ စျေးအတွင်း ရောင်းချသည့် စျေးသည်များအနေဖြင့် စည်းကမ်း နှင့်အညီ ရောင်းဝယ်ကြရန်၊ စျေးအတွင်းရှိ အများသုံး သန့်စင်ခန်းများ အစဉ်သန့်ရှင်းမှုရှိ စေရန်နှင့် လက်ဆေးနေရာတွင်   ဆပ်ပြာများ ထားရှိရန်တို့ကိုမှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

ထို့နောက်  မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်မြို့နယ်၊ (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ စျေးများနှင့် ကုန်စည်ပွဲရုံများဌာန၏ ရေထွက် ပစ္စည်းများဖြစ်သည့် ငါး၊ ပုစွန်များရောင်းချသည့် ရွှေပိတောက်ငါးစျေးနှင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးမျိုးစုံ လက်လီလက်ကားရောင်းချသည့် သီရိမင်္ဂလာစျေးသို့သွားရောက်၍ ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း ကာ ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး အသိပညာပေးပိုစတာများ ဆောင်ရွက်ထားရှိမှု၊ သန့်စင်ခန်းများ သန့်ရှင်းမှုရှိ/မရှိ၊       သောက်သုံးရေကန်များ သန့်ရှင်းမှုရှိ/မရှိ၊ လက်ဆေးနေရာများတွင် ဆပ်ပြာများထားရှိမှုရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ရွှေပိတောက်ငါးစျေးအထွက် လမ်းဘေးရေမြောင်း ကို ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ အသိပညာပေးမှုများ ကို လိုက်နာဆောင်ရွက်ရန်၊ ကလိုရင်းဆေးခတ် ခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည့်အတိုင်း လုပ်ဆောင်ရန်၊ စျေးများအတွင်း လက်ဆေးနေရာများတွင် ဆပ်ပြာ များထားရှိရန်တို့ကို မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ရွှေပိတောက် ငါးစျေးသည် ၈ ဒသမ ၁၂၂ ဧက ကျယ်ဝန်းပြီး စျေးရုံကိုးရုံတွင် စျေးဆိုင်ခန်း ၄၃၄ ခန်း ဖွင့်လှစ် ရောင်းချလျက်ရှိကာ သီရိမင်္ဂလာစျေးသည် ၁၆ ဒသမ ၉၂၁ ဧက ကျယ်ဝန်းပြီး စျေးရုံကိုးရုံတွင် စျေးဆိုင် ခန်း ၂၁၀၁ ခန်း ဖွင့်လှစ်ရောင်းချလျက်ရှိသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန် ဦးညီညီ သည် တာဝန်ရှိသူများလိုက်ပါလျက် အင်းစိန် မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းရှိ စျေးများနှင့်ကုန်စည်ပွဲရုံများဌာန ဘိုကုန်းစျေးနှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၂၀) ရပ်ကွက်၊ အနော်ရထာလမ်းရှိ (၂၀) ရပ်ကွက် စျေးများသို့ သွားရောက်၍ ဝမ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိ ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော်ခြင်း၊ သောက်ရေသန့်ရှင်းရေးအတွက် ရေသန့်ဆေးပြား များဝေငှခြင်း၊ သုံးရေသန့်ရှင်းရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ စျေးအတွင်း ရောင်းချ လျက်ရှိသည့် ဟင်းသီးဟင်းရွက်နှင့် သားငါးများ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ အစားအစာများတွင် ဓာတုဆိုးဆေးများ သုံးစွဲထားမှု ရှိ/မရှိ၊ အသား၊ ငါးများ ရောင်းချရာတွင် ယင်လုံပိတ်စများ ဖုံးအုပ် ထားမှုရှိ/မရှိ၊ သန့်စင်ခန်းများ သန့်ရှင်းမှုရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က စျေးအတွင်းရှိ အများသုံးသန့်စင်ခန်းများ အစဉ် သန့်ရှင်းမှုရှိစေရန်၊ ကျန်းမာရေးနှင့် ညီညွတ်သည့် အသား၊ ငါးများကိုသာ ရောင်းချရန်၊ စျေးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစွာ ရောင်းဝယ်ဖောက်ကား ကြရန်၊ စျေးအတွင်း လက်ဆေးနေရာတွင် ဆပ်ပြာ များထားရှိရန်တို့ကို မှာကြားကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

အင်းစိန်မြို့နယ်၊ ဘိုကုန်းစျေးသည် ၀ ဒသမ ၄၃၁ ဧကကျယ်ဝန်းပြီး စျေးရုံခုနစ်ရုံတွင် စျေးဆိုင်ခန်း ၂၉၀ ခန်း ဖွင့်လှစ်ရောင်းချလျက် ရှိကာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၂၀) ရပ်ကွက် စျေးသည် ၃ ဒသမ ၃၃ ဧက ကျယ်ဝန်းပြီး စျေးရုံခုနစ်ရုံတွင် စျေးဆိုင်ခန်း ၇၉၁ ခန်းဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။









သတင်း-ရဲနန္ဒာလင်းမြင့်

 ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ