နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေး YBS ယာဉ်များတွင် အသိပညာပေး ပိုစတာများကပ်၊ ခရီးသည်များအား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်  ဇူလိုင်  ၁၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) တို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ခရီးသည်တင် YBS ယာဉ်များကို ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား မှု ကြိုတင်ကာကွယ်ရေး အသိ ပညာပေး ပိုစတာများကပ်၍ ခရီးသည်များအား လက်ကမ်း စာစောင်များ ဖြန့်ဝေပေးကြ သည်။

ကျန်းမာရေး ဝန်ထမ်းများ၊ YRTC ဝန်ထမ်းများ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ယင်းသို့ အသိပညာပေး လုပ်ငန်း ဆောင်ရွက်နေမှုများကို ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ YRTC တာဝန်ရှိသူများက ကြည့်ရှု အားပေးကြသည်။

ပညာပေး ပိုစတာများတွင် "အစာမစားမီနှင့် အစားအစာ မပြင်ဆင်မီအချိန်တိုင်း၊ အညစ် အကြေးနှင့် အမှိုက်များကို ကိုင်တွယ်ပြီးချိန်တိုင်း၊ အိမ်သာ မှဆင်းချိန်တိုင်း လက်ကို စနစ် တကျ စင်ကြယ်စွာဆေးကြော ပါ။ ယင်လုံအိမ်သာ ရာနှုန်းပြည့် သုံးစွဲပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး ကို ဂရုပြုဆောင်ရွက်ပါ။ ရေကို ကျိုချက်သောက်ပါ။ အစား အစာများကို ယင်မနားအောင် လုံခြုံစွာ ဖုံးအုပ်ထားပါ။ ခြင်၊ ယင်တို့ မပေါက်ပွားစေရန် ပတ်ဝန်းကျင် သန့်ရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်ပါ"ဟူ၍ ပါရှိပြီး ၂ ပေ x ၁ ပေအရွယ် စတေကာများကပ်ခြင်း၊ မိုးရာသီ ကာလတွင် အဖြစ်များနိုင်သည့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်း သိကောင်း စရာများ၊ ရောဂါပိုးကူးစက်ပုံ၊ ရောဂါလက္ခဏာများ၊ ကြိုတင် ကာကွယ်နိုင်သော နည်းလမ်း များ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်လျှင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဆေးရုံ၊ ဆေးခန်း သို့သွားရောက်ရန် ဆောင်ရွက် စဉ် ဓာတ်ဆားရည်ကို သောက် ရန်နှင့် ဓာတ်ဆားရည်ဖျော်နည်း များပါရှိသည့် လက်ကမ်း စာစောင်များကို ခရီးသည်များ အား ဖြန့်ဝေပေးသည်။

ထိုသို့ ကျန်းမာရေးအသိ ပညာပေးခြင်း လုပ်ငန်းများကို ဆူးလေ (မဟာဗန္ဓုလပန်းခြံရှေ့)၊ သခင်မြပန်းခြံ၊ ကမ္ဘာအေး၊ ဒညင်းကုန်းလမ်းဆုံ၊ မြောက် ဥက္ကလာပအဝိုင်း၊ သင်္ဃန်းကျွန်း စံပြဈေးတို့တွင်လည်း တစ်ပြိုင် တည်း ဆောင်ရွက်ကြသည်။








ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ