နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်အသင်း ပြင်သစ်ကို အနိုင်ရ ယူရို ၂၀၂၄ ဗိုလ်လုပွဲ တက်ရောက်

ဇူလိုင် ၁၀

ယူရို ၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် စပိန်အသင်းနှင့် ပြင်သစ်အသင်းတို့ ယနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားကြရာ စပိန်အသင်းက ပြင်သစ်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

ယူရို ၂၀၂၄ ပြိုင်ပွဲတစ်လျှောက် တည်ငြိမ်သည့် ခြေစွမ်းများနှင့်အတူ  စပိန်အသင်းသည် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားနေသည့် ပြင်သစ်အသင်းကို အကောင်းဆုံးကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့တက် ရောက်ခဲ့ခြင်းဖြစ်သည်။

ပထမပိုင်း ပွဲအစ ၉ မိနစ်မှာပင် မူအာနီ၏ သွင်းဂိုးဖြင့် ပြင်သစ်အသင်း ပွဲကို ဦးဆောင်ခွင့်ရခဲ့သော်လည်း စပိန်အသင်းက ပြန်လည်တိုက်စစ်ဆင်ခဲ့ကာ ပွဲကစားချိန် ၂၁ မိနစ်တွင် ယာမယ်က ချေပဂိုး သွင်းယူပေးခဲ့ပြီး ၂၅ မိနစ်တွင် အော်မိုက အနိုင်ဂိုးကို သွင်းယူ ပေးခဲ့သည်။

ပြင်သစ်အသင်းက ဦးဆောင်ဂိုးသွင်းယူပြီး ပွဲကို အကောင်းဆုံးပုံစံ ဖြင့် စတင်နိုင်ခဲ့သော်လည်း ချေပဂိုးခွင့်ပြုပေးရပြီးနောက် ကစားကွက် ပျက်ကာ ရရှိလာသည့် အခွင့်အရေးအချို့ကိုလည်း အသုံးချနိုင် ခြင်းမရှိသောကြောင့် ဆီမီးဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ယူရိုပြိုင်ပွဲတွင် ခံစစ်အကောင်းဆုံးအသင်းဖြစ်သည့် ပြင်သစ် အသင်းခံစစ်ကို စပိန်အသင်း တိုက်စစ်ကစားသမား ယာမယ်နှင့် အော်မိုတို့က မကြာခဏ တိုက်စစ်စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ သည်။

စပိန်အသင်းသည် ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲသို့ ငါးကြိမ်မြောက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် အာဂျင်တီးနားအသင်းက ကနေဒါအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။ အာဂျင်တီးနား အသင်းအတွက် အနိုင်ဂိုးများကို ပွဲကစားချိန် ၂၂ မိနစ်တွင် အယ်ဗာ ရက်ဇ်နှင့် ၅၁ မိနစ်တွင် မက်ဆီတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။                                                                       








သူရိန်






အခြားဆက်စပ်သတင်းများ