နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် ရေချိုရေကန် တာတမံ ပြင်ဆင်မှုပြီးစီး

ပေကျင်း ဇူလိုင် ၁၀

တရုတ်နိုင်ငံတောင်ပိုင်းတွင် နိုင်ငံ၏ ဒုတိယအကြီးဆုံး ရေချိုရေကန်ကြီး ကျိုးပေါက်သွားခြင်းကြောင့် တာတမံ ပြင်ဆင်မှုများ ပြုလုပ် လျက်ရှိရာ ဇူလိုင် ၉ ရက်တွင် အပြည့်အဝ ပြန်လည် ပြုပြင်ပိတ်ဆို့ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။(ပုံ)

ပြီးခဲ့သည့်  ရက်သတ္တပတ်က ဟူနန်ပြည်နယ်ရှိ ဒုန်တင် ရေကန်တွင် အရှည်ပေပေါင်း ၇၄၀ ရှိသည့် တာတမံ ကျိုးကျသွားခြင်းကြောင့်  သင်္ဘော များနှင့် မြေတူးစက်များ စေလွှတ်ကာ  ကျိုးပေါက်သွားသည့် နေရာတွင်  ကျောက်တုံးကျောက်ခဲများထည့်ပြီး  ပိတ်ဆို့မှုပြုလုပ်ရကြောင်း သိရသည်။

လက်ရှိတွင် တာတမံကို ပြန်လည် ပိတ်ဆို့ဖာထေးနိုင်ပြီ ဖြစ်သော်လည်း တမံကျိုးချိန် ကန်ပြင်ပကို လျှံထွက် သွားသည့် ကုဗမီတာ သန်း ၂၁၀ ရှိ ရေထု ပမာဏကို ပြန်စုပ်ထုတ် ဖယ်ရှားရန် အချိန် နှစ်ပတ်ခန့်ကြာ မည်ဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။ 

ဟူနန်ပြည်နယ် နေရာအများ အပြား တွင် မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ပင်းကျန် ခရိုင်ရှိ မီလိုမြစ် ၏ ရေအမှတ်သည် နှစ်ပေါင်း ၇၀ အတွင်း အမြင့်ဆုံး ရေအမှတ် သို့ ရောက်ရှိခဲ့ကာ ယင်းအကျိုးဆက် အဖြစ် ဒုန်တင်ရေကန် တာတမံကျိုး ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။               








 (ref: XinhuaNet)






အခြားဆက်စပ်သတင်းများ