နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်၊ ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင် မြို့နယ်တွင် ပြင်းထန်ဝမ်းပျက် ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ် ရန်   အသိပညာပေးနှိုးဆော် ခြင်းနှင့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှု  ရှိ၊ မရှိ ကွင်းဆင်း    စစ်ဆေးခြင်း ကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်း၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်ကံ ကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်  ဒေါက်တာ  ထွန်းတင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ ပြည်သူ့ကျန်းမာ ရေးဌာန  ဌာနမှူး (ဒုတိယ ညွှန်ကြား ရေး မှူးချုပ်)  ဒေါက်တာ မြင့်သန်းထွန်း၊ တိုင်း/ ကျန်းမာ ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး  ဒေါက်တာ  စန္ဒာလွင်နှင့် ဒုတိယ တိုင်း/ ကျန်းမာရေးဦးစီး မှူး  ဒေါက်တာ  သက်စုမွန်တို့ သည် ယမန်နေ့ နံနက် ၉ နာရီ တွင် အမှတ် (၆)  ရပ်ကွက်ရှိ ပုဇွန်တောင်ဈေး၌   လိုက်လံ ဆောင်ရွက်ကြသည်။(ပုံ)

ပုဇွန်တောင်ဈေးအတွင်း ဈေးသည်များ ရောင်းချနေသော အစားအသောက်များ သန့်ရှင်း လတ်ဆတ်စွာ ရောင်းချရန် နှင့်  ခြင်၊  ယင်များ မနားစေ ရန်၊   လတ်ဆတ်သော အစား အသောက်များသာ ရောင်းချရန်၊ သန့်ရှင်း  သော  ရေကို သောက်သုံး  ရန်၊ လက်၊ အိမ်သာ သန့်ရှင်း စွာ ထားရှိရန်၊ မိုးရာသီကာလ တွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှော‌ ရောဂါ  ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် ဆောင် ရန်၊ ရှောင်ရန် အချက်များကို သိရှိလိုက်နာစေရန်အတွက် ကြည့်ရှုစစ်ဆေးမှာကြားကာ ပညာပေးလက်ကမ်းလွှာများ    ဝေငှခြင်း၊ ကျန်းမာရေး ဦးစီးဌာန နှင့် ပူးပေါင်း၍ ကလိုရင်းဆေးခတ် ခြင်းလုပ်ငန်းများ  ဆောင်ရွက် ကြရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့၊ ခရိုင်‌ဈေးများဌာန၊ ခရိုင်မှူး ဦးညွန့်ဟန်၊ ပုဇွန်တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်၊ မြို့နယ်ကြက်ခြေနီ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းနှင့် လူမှုရေး အသင်းအဖွဲ့များ    ပူးပေါင်း ဆောင်ရွက်ကြသည်။   







ဟန်စုယဉ်






အခြားဆက်စပ်သတင်းများ