လူတိုင်း ကျန်းမာရေးအသိပညာရှိနေမှသာ လူတိုင်း ကျန်းမာ သော ဘဝကို ရရှိနိုင်မည်ဖြစ်သည်။ ကျန်းမာသော ဘဝကိုရရှိရန် လူနေမှုဘဝပတ်ဝန်းကျင်သည် အရေးပါသည်။ မိမိအိမ်ခြံဝင်း သန့်ပြန့်သန့်ရှင်း ကောင်းမွန်နေမှသာ ကျန်းမာသော မိသားစုဘဝ ကို တည်ဆောက်နိုင်မည်ဖြစ်သည်။
သို့သော်လည်း ကျဉ်းမြောင်းရှုပ်ထွေးပွေလီသည့် ပတ်ဝန်းကျင် တွင် နေထိုင်ကြသည့် လူအချို့တို့သည် စားဝတ်နေရေးကိုသာ ရှင်သန်အောင်ကြိုးစားပြီး ပတ်ဝန်းကျင်သန့်ရှင်းသန့်ပြန့်မှုကို အလေးမထားနိုင်ကြ။ သို့ဖြစ်ရာ ထိုနေရာများကို ကောင်းမွန်သော ပတ်ဝန်းကျင်ဖြစ်အောင် တည်ဆောက်ကြရမည် ဖြစ်သည်။
ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေ ရန် လမ်းအလိုက်၊ ရပ်ကွက်၊ ကျေးရွာမှသည် မြို့ပြဒေသတစ်ခုလုံး၊ ခရိုင်မှသည် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တက်ကြွစွာ ပူးပေါင်းအကောင် အထည်ဖော်ကြရမည် ဖြစ်သည်။
ယင်းသို့ဖော်ဆောင်ရာတွင် စည်းကမ်းတကျ အမှိုက်စွန့်ပစ် ခြင်း၊ မိမိအိမ်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက် ခြင်း၊ မြို့ပြဈေးများ၊ နေအိမ်ဆိုင်ခန်းများတွင် စနစ်တကျရောင်းချ ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားသုံး နိုင်ရေး ကိုယ်စီတည်ဆောက်ကြရမည် ဖြစ်သည်။ လူ့မစင် အညစ် အကြေးများကို စနစ်တကျ စွန့်ပစ်သိုလှောင် လုံခြုံစွာဖုံးအုပ်ထားရန် နှင့် ယင်လုံ၊ အနံ့လုံ အိမ်သာများ သုံးစွဲရန်လိုအပ်သည်။
အဓိကအားဖြင့် အစားအစာအဖြစ် တင်သွင်းရောင်းချလာသော ကုန်စည်များ၊ လူ၊ တိရစ္ဆာန်နှင့် အပင်များကို ကပ်ရောဂါများ၊ အဆိပ် အတောက်များနှင့် ကူးစက်ရောဂါများ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းကိုက်ညီ ရန် လိုအပ်သည်။
ကျန်းမာရေးနှင့် ညီညွတ်သန့်ရှင်းသော အစားအစာသည် ခန္ဓာကိုယ်ကို ကျန်းမာဖွံ့ဖြိုးစေပြီး ရောဂါဖြစ်ပွားခြင်းကို ကာကွယ် နိုင်သော်လည်း မသန့်ရှင်းသောအစားအစာ၊ ယင်နားအစားအစာ၊ မသန့်ရှင်းသောရေဖြင့် ဆေးကြောထားသည့် အိုး၊ ခွက်၊ ပန်းကန်၊ ဟင်းသီးဟင်းရွက်၊ သားငါးများ၊ မသန့်ရှင်းသောလက်ဖြင့် ကိုင်တွယ်ထားသည့် အစားအစာများမှာ စားသုံးသူကို ရောဂါဖြစ်ပွား စေသည်။
ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာ ပြန့်ပွားနိုင် ရန် ဂရုပြုလိုက်နာရန် သက်ဆိုင်ရာတို့က နည်းလမ်းမျိုးစုံဖြင့် ဖြန့်ဝေအသိပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ မိသားစု တိုင်းက အလေးထားလိုက်နာ ဆောင်ရွက်ကြရန် တိုက်တွန်းဖော်ပြ ရပါကြောင်း။