နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေပေးဝေရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဇူလိုင်   ၈

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန် နေ့နံနက်ပိုင်းတွင် သာကေတ မြို့နယ်၊ ဧရာဝဏ်လမ်းနှင့် မင်းနန္ဒာလမ်းထောင့်ရှိ အင်ဂျင် နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က ဆောင်ရွက်နေသည့် ဧရာဝဏ်ရေပေးဝေရေး စခန်း (၁) ၌ ရေပေးဝေရေးလုပ်ငန်း များဆောင်ရွက်နေမှု၊ ဒေါပုံ မြို့နယ်၊ သဲကွင်းစုရပ်ကွက်၌  အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ရေသယ်ယာဉ် ဖြင့်  ရပ်ကွက်နေပြည်သူများ ရေပေးဝေနေမှု၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်- ညောင်တုန်းလမ်းနှင့် ကျန်စစ်သား လမ်းထောင့်၌  အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) က အငှားယာဉ်များ ရပ်နားရန် နေရာပြုလုပ်နေမှု၊ ရန်ကုန်-ညောင်တုန်းလမ်း ရေစုကန်  ရေမြောင်း ရေစီးရေလာ အခြေ အနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာတာဝန် ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် သာကေတမြို့နယ်၊ ၁/ အနော်မာရပ်ကွက် ဧရာဝဏ် လမ်းနှင့် မင်းနန္ဒာလမ်းထောင့် ရှိ ဧရာဝဏ်ရေပေးဝေရေး စခန်း (၁)  သို့ရောက်ရှိရာ  အင်ဂျင် နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က ရေပေးဝေရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ မြို့တော်ဝန် က သာကေတမြို့နယ်၌ ဝမ်းပျက် ဝမ်းလျှောရောဂါအဖြစ်များနေ ၍ ရေပေးဝေရာတွင် သန့်ရှင်း မှုရှိစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။ အဆိုပါ ဧရာဝဏ်ရေပေးဝေရေး  စခန်း (၁) သည် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က သာကေတ မြို့နယ်နှင့် ဒေါပုံမြို့နယ်သို့ ရေပေးဝေရန် ရေဂါလန် တစ်သိန်းဆံ့ အလျား ၄၀ ပေ၊ အနံ ၄၀ ပေ၊ အနက် ၁၀ ပေရှိ   ရေစုကန်သုံးကန် မူလရှိပြီးသား ဂါလန်ငါးသောင်းဆံ့ ရေစုကန် တို့မှ ရေပေးဝေနိုင်ရေးဆောင်ရွက် ထားရှိပြီး ရေတွန်းစက်များဖြင့် နေ့စဉ် ရေများပေးဝေလျက်ရှိ ကြောင်း သိရသည်။

ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် ဒေါပုံမြို့နယ်၊ သဲကွင်းစုရပ်ကွက်သို့ သွား ရောက်၍ အင်ဂျင်နီယာ (ရေနှင့် သန့်ရှင်းမှု) က ရေဂါလန် ၁၆၀၀ ဆံ့ ရေသယ်ယာဉ် ဖြင့် ရပ်ကွက်နေပြည်သူများ ရေလုံလောက်စွာသုံးစွဲနိုင်ရေး အတွက် ရေပေးဝေနေမှုကို ကြည့်ရှုအားပေးပြီး အဆိုပါ ရပ်ကွက်အတွင်း အများသုံး အိမ်သာများ ဆောက်လုပ် ပေးရန် မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် လှိုင်သာယာ(အရှေ့ ပိုင်း) မြို့နယ်၊ ရန်ကုန်- ညောင်တုန်းလမ်းနှင့် ဗိုလ်အောင် ကျော်လမ်းထောင့်သို့ သွားရောက် ၍ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) က အငှားယာဉ်များ ရပ်နားနိုင်ရန် နေရာပြုလုပ်နေမှု ကို ကြည့်ရှုစစ်ဆေးပြီး  ရန်ကုန်-ညောင်တုန်းလမ်း  ရေစုကန်ရေမြောင်းကို ရှင်းလင်း ရန်မှာကြားကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။







သတင်း-မိုးမြင့်‌မောင်

ဓာတ်ပုံ-မိုးဝေ






အခြားဆက်စပ်သတင်းများ