နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား U-20 အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရန်ကုန်  ဇူလိုင်  ၈

ရန်ကုန်တိုင်းဒေသကြီး ဒုတိယ အကြိမ်မြောက် မြန်မာဘော်လီဘော လူမှုရေးအသင်း အမှုဆောင် ဖလား U-20 အမျိုးသား၊ အမျိုး သမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၆ ရက်၊ နံနက်ပိုင်းက မင်္ဂလာတောင်ညွန့် မြို့နယ်၊ အောင်ဆန်းအားကစား ပြိုင်ကွင်း မိုးလုံလေလုံခန်းမ တွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က အဖွင့်အမှာစကားပြောကြား ပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေး   သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် များ၊ မြန်မာဘော်လီဘော လူမှု ရေးအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက ပြိုင်ပွဲဝင်အသင်း များအား လိုက်လံနှုတ်ဆက်၍ အားပေးစကား ပြောကြားပြီး ဘောလုံးများ လက်ဆောင် ပေးအပ်ကြသည်။

ဆက်လက်၍ လူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်နှင့် မြန်မာ ဘော်လီဘော လူမှုရေးအသင်း တာဝန်ရှိသူများက ဖွင့်ပွဲတွင် ပါဝင်ဆောင်ရွက်ပေးသော အဖွဲ့ များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပထမ ဆုံး ပွဲစဉ်ဖြစ်သည့် ရွှေပြည်သာ မြို့နယ်အသင်းနှင့် လှိုင်သာယာ မြို့နယ် (B) အသင်းတို့ ယှဉ်ပြိုင်  ကစားနေမှုကို ကြည့်ရှုအားပေး ကြသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသား ၁၈ သင်း၊ အမျိုးသမီး ၆ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဇူလိုင် ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

အသက် ၂၀ နှစ်အောက် ရန်ကုန်တိုင်းဒေသကြီး မြန်မာ ဘော်လီဘော လူမှုရေးအသင်း အမှုဆောင်ဖလားပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ အမျိုးသား အားကစား ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဘော်လီဘော လက်ရွေးစင် အားကစားသမားများ ပေါ်ထွက် လာစေရန်၊ ထိုမှတစ်ဆင့် နိုင်ငံ့ လက်ရွေးစင်များ ဖြစ်လာစေရန် ရည်ရွယ်၍ ပြည်နယ်နှင့် တိုင်း ဒေသကြီး ရှစ်ခုတွင် U-18၊ U-20၊ U-25 ပြိုင်ပွဲများ ကျင်းပပေးခဲ့ ပြီးဖြစ်ကြောင်း သိရသည်။








ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ