နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပထမဆုံး မောင်းသူမဲ့ လျှပ်စစ်ကား၂၀၂၅ တွင် တိုယိုတာ မိတ်ဆက်မည်

ရှန်ဟိုင်း၊ ဇူလိုင် ၇

 ဂျပန်အခြေစိုက် တိုယိုတာ မော်တော်ကားကုမ္ပဏီက ပထမဆုံး သော မောင်းသူမဲ့လျှပ်စစ်ကားကို ၂၀၂၅ ခုနှစ်တွင် မိတ်ဆက်မည်ဖြစ် ကြောင်း သိရသည်။         

 တက်စလာ၏ မောင်းသူမဲ့ လျှပ်စစ်ကားကဲ့သို့ အဆင့်မြင့်အလို  လျောက်မောင်းနှင်မှုစနစ် ထည့်သွင်း ထားသည့် လျှပ်စစ်ကားကိုတိုယိုတာ က တရုတ်နိုင်ငံ စျေးကွက်တွင် မိတ်ဆက်သွားရန် စီစဉ်နေကြောင်း ၎င်းကုမ္ပဏီနှင့်ပူးပေါင်း လုပ်ဆောင်နေ သည့် တရုတ်ကွမ်ကျိုးလုပ်ငန်းက ပြော သည်။

တရုတ်နိုင်ငံ မော်တော်ကားစျေးကွက် တွင် စျေးကွက်ဝေစုများ ပြန်လည်ရယူ နိုင်ရန် တိုယိုတာကရည်မှန်းထားပြီး လျှပ်စစ်ကားဘတ်ထရီ၊ နှစ်မျိုးစပ် ဟိုက်ဘရစ်ကာများနှင့် ဉာဏ်ရည်တု နည်းပညာထည့်သွင်းထားသည့် မော် တော်ကားများဆိုင်ရာ နည်းပညာကဏ္ဍ များတွင် တရုတ်ပြိုင်ဘက် ကုမ္ပဏီ များကို ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။        

ထို့ပြင် တိုယိုတာသည်၎င်း၏ မောင်းသူမဲ့ လျှပ်စစ်ကား ထုတ်လုပ်မှုကို ကုန်ကျစရိတ် ၄၀ ရာခိုင်နှုန်း ခန့် လျှော့ချပေးနိုင်မည့် iron phosphate lithium ဘတ္တရီကိုလည်း ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်အတွင်း ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ယခုနှစ် လေးလအတွင်းတရုတ် နိုင်ငံတွင် တိုယိုတာမော်တော်ကား ရောင်းချရမှုနှုန်းသည် အမှတ်တံဆိပ် အားလုံးတွင် အဆင့်ငါးနေရာ၌ ရပ်တည် နေပြီး ယခင်နှစ် အလားတူကာလထက် ၂၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူ များ အသင်းက ထုတ်ပြန်သည့် အချက် အလက်များအရ သိရသည်။








(ref: AFP)






အခြားဆက်စပ်သတင်းများ