ရန်ကုန် ဇူလိုင် ၇
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဒေါက်တာငွေစန်းသည် ပြည်သူ့ ကျန်းမာရေးဌာန၊ ဌာနမှူး ဒေါက်တာမြင့်သန်းထွန်း၊ အပါ အဝင် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ယမန်နေ့နံနက် ပိုင်းက ဒေါပုံမြို့နယ်၊ နွယ်အေး ရပ်ကွက်၊ သဲကွင်းအစုရှိ ဝမ်း ပျက် ဝမ်းလျှောရောဂါဖြစ်ပွား ရာနေရာ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဖွင့်လှစ်ထားသော Mobile Clinicသို့သွားရောက်၍ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ပွား သော လူနာများအခြေအနေနှင့် ဖြစ်ပွားရခြင်းအကြောင်းအရာ များကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူး၊မြို့နယ် ရေသန့်တာဝန်ခံနှင့် မြို့နယ် ကျန်းမာရေးတာဝန်ခံတို့ကို အကြောင်းစုံ မေးမြန်းပြီးအဓိက ကူးစက်မြန်ရောဂါများအနက် ကာလဝမ်းရောဂါသည် တစ်ခု အပါအဝင် ဖြစ်သောကြောင့် အထူးဂရုစိုက်ကြရန် ယင်နား စာများ မစားသုံးရန်၊ တစ်ကိုယ် ရည်သန့်ရှင်းရေး ဂရုစိုက်ကြရန်၊ ယင်လုံအိမ်သာများကိုအသုံး ပြုကြရန်နှင့် အိမ်သာအသုံး ပြုပြီးတိုင်း လက်ကို ဆပ်ပြာ ဖြင့် စင်ကြယ်စွာဆေးကြောကြ ရန်၊ အစားအစာများကို ဖုံးအုပ် ထားရန်နှင့် ပတ်ဝန်းကျင်သန့် ရှင်းရေးကိုလည်း အမြဲဂရုစိုက် ကြရန် စသည်တို့ကို ဆွေးနွေး မှာကြားပြီး ကျန်းမာရေး ပညာပေးခြင်း ဆောင်ရွက်ပေး ကာ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွား လာပါက Mobile Clinic ဆေးခန်းသို့ သွားရောက်ပြသ ကြရန် ပြောကြားသည်။
မိုးမြင့်မောင်