နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး တွံတေးမြို့နယ်နှင့်ကော့မှူးမြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိုက်ပျိုးမွေးမြူရေးဇုန်များ ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဇူလိုင်  ၇

မြန်မာနိုင်ငံ၏စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့ သည်လူဦးရေအများဆုံးနေထိုင် သောမြို့တော်ဖြစ်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်း များစွာလိုအပ်လျက်ရှိသည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်နှင့်ပြည်သူများကျန်း မာရေးနှင့်ညီညွတ်ပြီး သန့်ရှင်း လတ်ဆတ်သော အစားအစာ များစားသုံးနိုင်စေရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ ကြီးကြပ် မှုတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူ ရေးဇုန်များကို ဖော်ဆောင်ပေး လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိ ရာ ရန်ကုန်တိုင်းဒေသကြီး၊ စည် ပင်သာယာရေးဝန်ကြီး၊ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူ များ လိုက်ပါလျက် ယမန်နေ့ နံနက် ၁၀ နာရီခွဲက တွံတေး မြို့နယ်၊ တလုတ္တော်ကျေးရွာ အနီး တွံတေးမွေးမြူရေးဇုန်စီမံ ကိန်းသို့သွားရောက်စစ်ဆေးရာ မွေးမြူရေးဇုန်စီမံကိန်း ရှင်းလင်း ဆောင်၌ တာဝန်ရှိသူများက တွံတေးမွေးမြူရေးဇုန်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှု များနှင့်လျှပ်စစ်နှင့်ဆိုလာစွမ်းအင် သုံး(၈)လက်မ စက်ရေတွင်း ဖြင့်ရေကန်များအတွင်းရေဖြည့် သွင်းပြီးမွေးမြူရေးဇုန်အတွင်း ရေဖြန့်ဝေပေးနေမှုတို့ကို ရှင်းလင်း  တင်ပြကြရာ မြို့တော်ဝန်က မွေးမြူရေးဇုန်အတွင်း ရေဖြန့် ဝေပေးရာတွင် သုံးလက်မ ပိုက် များဖြင့် စနစ်တကျသွယ်တန်း ဆောင်ရွက်ရန်၊ မွေးမြူရေး လုပ်ငန်းရှင်များအဆင်ပြေစွာ လုပ်ကိုင်နိုင်စေရန် တာဝန်ရှိ သူများက လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်၊ မွေးမြူရေးဇုန်အတွင်း တိရစ္ဆာန် အစာအဖြစ်အသုံးပြုနိုင်သည့် သီးနှံပင်များစိုက်ပျိုးရန်၊လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကိုစတစ်တကျမှတ်တမ်း များထားရှိရန် မှာကြားပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် တွံတေးမွေးမြူရေးဇုန်စီမံကိန်းရှင်းလင်းဆောင် အနီး ငါးပြေမ၊ ကကတစ်နှင့် ငါးမြစ်ချင်းငါးများ မွေးမြူရန် အလျား ၃၃၀ ပေ၊ အနံ ၁၆၅ ပေ၊ အနက် ၆ ပေခွဲရှိ ငါးမွေးမြူ ရေး ကန်ငါးကန် ဆောင်ရွက် ထားရှိမှု၊ လျှပ်စစ်နှင့်ဆိုလာစွမ်း အင်သုံး ၈ လက်မ၊ စက်ရေတွင်း ဖြင့်ရေကန်များအတွင်းရေဖြည့် သွင်းနေမှု၊တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သည့်နေဗီယာမြက် များစိုက်ပျိုးထားမှု၊ မွေးမြူရေး ဇုန်အပိုင်း(၂)တွင် ရေဖြန့်ဝေပေး နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထား ရှိမှု၊ မွေးမြူရေးဇုန် အပိုင်း (၂)ရှိ SHW Company limited ၏ ဒေသနွားကောင်ရေ (၆၆) ကောင် မွေးမြူထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန် က ကန်များအတွင်း ရေအပြည့် ဖြည့်သွင်းထားရန်၊ဒေသနွား ကောင်ရေ တိုးချဲ့မွေးမြူရန်၊ မွေးမြူရေးဇုန်အတွင်း ရောဂါ ပိုးမွှားများကျရောက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် တို့ကို မှာကြားပြီး လိုအပ်သည် များ ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

တွံတေးမြို့နယ်မွေးမြူရေးဇုန်တွင် စုစုပေါင်းလုပ်ငန်းရှင် ၆၉ ဦးတို့က အသားတိုးကြက် ၃၆၀၅၀ ကောင်၊အသားတိုးဘဲ  ၃၉၀၀ ကောင်၊ အသားတိုးနွား ၁၁၃ ကောင်၊ ဆိတ်ကောင်ရေ ၃၄၈၅ ကောင်၊ ဒေသကြက်၂၀၀၂၁ ကောင်၊ ဥစားကြက် ၇၉၀၀ ကောင်၊ ဥစားဘဲ ၄၀၆၈ကောင်၊ နို့စားနွား ၂၂၃ ကောင်၊ငုံးကောင် ရေ ၁၄၃၇၀ ကောင်၊ ဝက် ကောင်ရေ ၃၀၇ ကောင်၊မွေးမြူ ထားပြီး ဇူလိုင်  ၆ ရက်အထိ အသားတိုးကြက် ပိဿာချိန် ၁၄၈၇၁၉ ပိဿာ၊ ဝက်ပိဿာ ချိန် ၁၉၂၃၈ ပိဿာ၊ဘဲပိဿာ ချိန် ၉၅၇၀ ပိဿာ၊အမဲသား ပိသာချိန် ၃၂၀၀ ပိဿာ၊ဆိတ် သားပိသာချိန် ၅၉၈၃ ပိဿာ၊ ဘဲဥအလုံးရေ ၄၆၈၂၄၈ လုံး၊ ကြက်ဥအလုံးရေ ၄၈၁၃၅၉လုံး၊ ငုံးဥအလုံးရေ ၅၅၆၇၆၂  လုံးနှင့် နွားနို့ပိသာချိန် ၅၁၁၇၁  ပိဿာ ထုတ်လုပ်နိုင် သည်။

ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရှားဘွားကျေးရွာ အုပ်စု၊ကော့မှူးစိုက်ပျိုးမွေးမြူရေး ဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့်နေရာသို့ သွား ရောက်၍ ကော့မှူးစိုက်ပျိုးမွေး မြူရေးဇုန် စီမံကိန်းအကောင် ထည်ဖော်ဆောင်ရွက်နေမှု၊ ကော့မှူးစိုက်ပျိုးမွေးမြူရေးဇုန် စီမံကိန်းအတွင်းအရှည် (၁၆၀၀)ပေရှိသည့် ကုန်ထုတ် လမ်း(ပတ်လမ်း)အမှတ်(၂)နှင့် အရှည်(၃၂၀၀)ပေရှိသည့် ကုန်ထုတ်လမ်း(ပတ်လမ်း)အမှတ်(၁)ဖောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန် က လမ်းဖောက်လုပ်မှု စီမံကိန်း ကိုအမြန်ဆုံးအကောင်ထည် ဖော်ဆောင်ရွက်ရန်၊ကုန်ထုတ် လမ်းများကိုစနစ်တကျဖောက် လုပ်ရန်၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ဦးစားပေးဆောင် ရွက်ရန် မှာကြားပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။          

                         

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ကော့မှူးစိုက်ပျိုးမွေး မြူရေးဇုန် စီမံကိန်းအနီး တိရစ္ဆာန်အစာအဖြစ် အသုံးပြု နိုင်သည့်နှံစားပြောင်းသီးနှံပင် များစိုက်ပျိုးထားရှိမှုနှင့်ဧရိယာ (၁၇)ဧကအကျယ်အဝန်းရှိသည့် သဘာဝရေကန်(နတ်ရေကန်) တို့ကို သွားရောက် ကြည့်ရှု စစ်ဆေးပြီး မြို့တော်ဝန်က  စိုက်ပျိုးမွေးမြူရေးဇုန် စီမံကိန်း အတွင်းရှိ ရေကန်ကို စိုက်ပျိုး ရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်ရေးပြုပြင်ထိန်းသိမ်းထားရန်၊ မွေးမြူရေးလုပ်ငန်းများအတွက်အထောက်အကူ ဖြစ်စေရေး ပြောင်းနှင့်မြက်ပင် များစိုက်ပျိုးရန်၊မြေအမျိုးအစား ပေါ်မူတည်၍ ဖြစ်ထွန်းနိုင်သည့် ပြောင်းသီးနှံအမျိုးအစားများရွေးချယ်စိုက်ပျိုးရန်တို့ကို မှာ ကြားပြီး လိုအပ်သည်များ ဖြည့် ဆည်းဆောင်ရွက်ပေးသည်။ 

အဆိုပါကော့မှူးစိုက်ပျိုး မွေးမြူရေးဇုန်သည်(၁၂၄၁)ဧက အကျယ်အဝန်းရှိမည်ဖြစ်ပြီး ကုန်ထုတ်လမ်း(၅)လမ်းပါဝင် မည် ဖြစ်သည်။

 








သတင်း-ရဲနန္ဒာလင်းမြင့်

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ